ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲတွင် အန်ဒီမာရေး ဗိုလ်စွဲ

ဓာတ်ပုံ - ရိုက်တာ
ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ ဗြိတိန်က အန်ဒီမာရေးက ကနေဒါက မီလော့စ်ရိုးနစ်ကို အနိုင်ရပြီး ဒုတိယမြောက် ၀င်ဘယ်ဒန်ဖလားကို ရရှိသွားပါတယ်။ ဇူလိုင် ၁၀ ရက် ယှဉ်ပြိုင်တဲ့ပွဲမှာ မာရေးရဲ့ပြိုင်ဘက် ရိုးနစ်က ကမ္ဘာ့အဆင့် ၆ ဖြစ်ပြီး ၆-၄၊ ၇-၆၊ ၇-၆ နဲ့ မာရေးကို ရှုံးသွားတာပါ။ ပွဲချိန် ၂ နာရီ ၄၈ မိနစ် ကြာခဲ့ပြီး မာရေးက အပေါ်စီးကနေ ကစားနိုင်ခဲ့ပါတယ်။ ကမ္ဘာ့နံပါတ် ၂ မာရေးဟာ ၀င်ဘယ်ဒန်ဖလားကို ၂၀၁၃ ခုနှစ်က ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ မာရေးဟာ ၂၀၁၂ ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာလည်း ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အခုတခေါက် ချန်ပီယံဖလားဟာ သူ့အတွက် တတိမြောက် ဂရန်းစလန်းဖလား ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up