ယဉ်ကျေးမှုပြပွဲအတွက် လူထောင်ချီပါဝင်သည့် ၀စ်လစ်စလစ် ဆေးခြယ်သရုပ်ပြပွဲ (ရုပ်သံ)

လာမယ့်နှစ်ရဲ့ အင်္ဂလန်နိုင်ငံ ဟားလ်မြို့တော် ယဉ်ကျေးမှုအထိမ်းအမှတ်အဖြစ် ၀စ်လစ်စလစ် ခန္ဒာကိုယ်ပေါ် အပြာရောင်ဆေးခြယ်သရုပ်ပြပွဲမှာ လူပေါင်း ၃ ထောင်ကျော်ပါဝင်ခဲ့ပါ တယ်။ ဟားလ်မြို့တော် ကောင်စီကတော့ ဒါဟာ “ဟားလ်ပင်လယ်ပြင်”လို့ အမည်ပေး ထားတဲ့ အနုပညာပရောဂျက်တခုဖြစ်ပြီး ဒါဟာ အင်္ဂလန်နိုင်ငံမှာ အကြီးမားဆုံးဖြစ်တယ်လို့ ပြောလိုက်တာပါ။ ဒီပရောဂျက်ကို နာမည်ကျော် ဓာတ်ပုံဆရာ စပဲန်ဆာတူနစ်ခ်က စီစဉ်ခဲ့ကာ နိုင်ငံ ပေါင်း ၂၀ မှ လူပေါင်း ၃၂၀၀ ပါဝင်ခဲ့တယ်လို့ တယ်လီဂရပ်ဖ်သတင်းတပုဒ်မှာ ဇူလိုင်လ ၉ ရက်နေ့က ဖော်ပြပါ တယ်။ ဒီဓာတ်ပုံတွေကို လာမယ့် ၂၀၁၇ ခုနှစ်မှာ ကျင်းပမယ့် အင်္ဂလန်နိုင်ငံရဲ့ မြို့တော် ယဉ်ကျေးမှုပြပွဲတွေမှာ ပြသသွားမယ်လို့ ဆိုပါတယ်။ ထောင်နဲ့ချီတဲ့ လူတွေဟာ ရေရဲ့အရောင်တူဖြစ်အောင် အပြာရောင်အပါအ၀င် အရောင်လေးမျိုးနဲ့ သရုပ်ပြစုစည်းခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ သူတို့ဟာ အချိန် ၄ နာရီကြာအောင် ဘုရင်မကြီးပန်းခြံ၊ ဂိုက်ဒ်ခန်းမစတဲ့ ထင်ရှား တဲ့ နေရာတွေမှာ သရုပ်ပြခဲ့ကြတာပါ။ ပါဝင်သရုပ်ပြသူတွေထဲက စတီဖင်ဂျန်ဆဲန်ဟာ ဘရပ်ဆဲလ်မှဖြစ်ကာ အသက် ၈၀ အရွယ်ရှိနေပြီး သူဟာ ဓာတ်ပုံဆရာ တူနစ်ခ်ရဲ့ ပြီးခဲ့တဲ့ ပရောဂျက်ပေါင်း အခု ၂၀ လောက်မှာ ပါဝင်သရုပ်ပြခဲ့တယ်လို့ ဆိုပါတယ်။ “ဒါဟာ အလှအပတရားကို မြတ်နိုးသူတွေအတွက် တကယ့်ကို အံ့သြစရာပါပဲ၊ ကျနော်တို့ဟာလည်း ပန်းချီကားရဲ့ တစိတ်တဒေသပါပဲ။ လူတိုင်းဟာ လူမျိုးတွေ၊ လိင် တွေမရှိကြတော့ဘူး။ ကျနော်ဆိုလိုတာက အားလုံးအတူတူပဲ။ လူတိုင်း ၀စ်လစ်စလစ်နဲ့ အတူတူရှိနေကြတာ။ ဒါဟာ ကျနော် နှစ်သက်တဲ့ အရာတခုပါ။” ဟားလ်မြို့ခံ ဆာရာ ဟော့စ်ဆက်ခ်ကတော့ ဒါဟာ အံ့သြပျော်ရွှင်စရာကောင်းပြီး မြို့တော်ရဲ့ လိုအပ်ချက်တခုကို ဖြည့်ဆည်းပေးရတဲ့အပေါ် သဘောကျမိတယ်လို့ ပြော လိုက်တာပါ။ နယူးယောက်မြို့အခြေစိုက် နာမည်ကျော် ဓာတ်ပုံဆရာ တူနစ်ခ်ကတော့ ခုလိုမျိုး လူသားတွေ သရုပ်ဖော်တင်ဆက်တဲ့ အနုပညာပြကွက်တင်ဆက်မှုတွေကို ဆစ်ဒနီအော် ပရာကဇာတ်ရုံ၊ မက္ကဆီကိုမြို့တော်နဲ့ မြူးနစ်စတဲ့ ထင်ရှားတဲ့ နေရာတွေအပါအ၀င် ပြသ မှုပေါင်း ၉၀ ကျော်ရှိခဲ့ပြီလို့ ဆိုပါတယ်။ “ဟားလ်ပင်လယ်ပြင် လူသားသရုပ်ဖော်မှုဟာ ကျနော်လုပ်ခဲ့ဖူးသမျှတွေထဲမှာ ပျော်ရွှင်စရာအကောင်းဆုံးနဲ့ အံ့သြစရာအကောင်းဆုံးတခုပါပဲ။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up