A d v e r t i s e m e n t With Us

ကလေးချင်းခိုက်ရန်ဖြစ်သည့် ဗွီဒီယိုဖိုင်ကို မိခင်တဦးက ရဲထံပေးပို့တိုင်ကြား (ရုပ်သံ)

အင်္ဂလန်နိုင်ငံ၊ ၀က်စ်မစ်ဒ်လဲန်းဒ်ဒေသမှာ ဆိုးသွမ်းကလေးငယ်ချင်း တိုက်ခိုက် ရန်ဖြစ်ကြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို မိခင်တဦးက ရဲတွေဆီကို ပေးပို့တိုင်ကြားခဲ့ပြီး အင်တာနက်လူမှုကွန် ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ပါတယ်။ သူ့ရဲ့သားဟာ ဆိုးသွမ်းကလေးအုပ်စုတစုရဲ့ ရိုက်နှက်တာ ခံခဲ့ရတယ်ဆိုပြီး အဲဒီအမျိုးသမီးက ရဲတွေကို တိုင်ကြားခဲ့တာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ပြီးခဲ့တဲ့ သီတင်းပါတ်အစောပိုင်းမှာ ဖေ့စ်ဘွတ်ခ်လူမှုကွန် ရက်စာမျက်နှာပေါ်တင်ခဲ့တာဖြစ်ပြီး ကလေးတွေဟာ အုပ်စုလိုက် စူးစူးဝါးဝါးအော်ဟစ်သံတွေနဲ့ တိုက်ခိုက်ခဲ့ကြတာကို တွေ့ရပါတယ်။ ရန်ပွဲစတင်ချိန်မှာ ကလေး ၂ ဦးမှ စတင်ခဲ့ပုံပေါ်ပြီး နောက်ပိုင်းမှာတော့ တခြား ကလေးတွေပါ ဒီရန်ပွဲထဲမှာပါဝင်လာပုံရပြီး ဒီရုပ်သံဗွီဒီယိုဖိုင်ကို ၀င်ရောက်ကြည့်ရှုသူ ၁ သန်းကျော်ရှိခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်အစမှအဆုံးထိ မိခင်ဖြစ်သူဟာ တခြားကလေးတွေရဲ့ မိခင်တွေကို ဆန့်ကျင်ပြီး အပိုထည့်သွင်းပြောထားခဲ့တဲ့ ကျိန်ဆဲခြိမ်းခြောက်တဲ့ အသံတွေပါဝင်နေတယ်လို့ မက်ထရိုသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ရဲဘက်ပြောရေးဆိုခွင့်ရသူတဦးကတော့ “ကျနော်တို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်ကြားစာရထားတာကို အတည်ပြုနိုင်ပါတယ်။ နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေ လုပ်နိုင်ဖို့ တိုင်ကြားသူကို ခေါ်တွေ့ပြီး ဆက်လက်လုပ်ဆောင်သွားမှာပါ”လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up