စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း သရုပ်ပြစက်ဘီးစီးနင်းသည့် ရုပ်သံဖိုင်ထုတ်လွှင့်

818
<script data-config="//config.playwire.com/26104/videos/v2/5045176/zeus.json" data-height="100%" data-width="100%" src="//cdn.playwire.com/bolt/js/zeus/embed.js" type="text/javascript"></script>
စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်းဟာ ဒီကနေ့မနက်ပိုင်းက လမ်းလျှောက်ခြင်းနဲ့ စက်ဘီးစီးနင်းခြင်း စံပြမြို့တမြို့ဖြစ်တဲ့ အဲန်မိုကီအိုမြို့တည်ထောင်ခြင်း အဆင့်- ၁ ပြီးမြောက်ခြင်းအထိမ်းအမှတ် သရုပ်ပြ စက်ဘီးစီးထွက်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ထားခဲ့ပါတယ်။
နက်ရှိုင်းတဲ့ မြေအောက်မီးရထားလမ်း(အမ်အာရ်တီ)အောက်မှာ အနုပညာလက် ရာမြောက်တဲ့ အမိုးအကာတွေနဲ့အတူ လျှောက်လမ်းတွေ၊ စက်ဘီးစီးနိုင်တဲ့ လမ်းတွေ တည်ဆောက်ထားခဲ့တာပါ။
လမ်းကြောင်းတလျှောက်မှာတော့ အမျိုးသားဥယျာန်နဲ့ စက်မှုနဲ့ သက်မွေးပညာ သင်ကျောင်း(ဗဟို)တို့မှ ကျောင်းသားတွေကလည်း စိမ်းလန်းတဲ့ အပင်နဲ့ သတ္တ၀ါတွေ ထားရှိနိုင်မယ့် နေရာတွေကို တည်ဆောက်ထားခဲ့ကြတာဖြစ်ပြီး လာမယ့် ၂၀၁၉ ခုနှစ် မှာ ပြီးစီးမယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ်ကတော့ ဒီစီမံကိန်းမှာပါဝင်ခဲ့ကြတဲ့ အိုးအိမ်နဲ့ ဖွံ့ဖြိုးရေးဆိုင်ရာဘုတ် အဖွဲ့၊ အမျိုးသားဥယျာဉ်၊ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ လုပ်သားတွေအားလုံးကို ခု လိုအဆင့်-၁ ပြီးစီးအောင်မြင်မှုအတွက် ကျေးဇူးတင်တယ်လို့ ရေးသားဖော်ပြခဲ့တာပါ။