A d v e r t i s e m e n t With Us

မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည် ပစ်ခတ်မှု မအောင်မြင် (ရုပ်သံ)

မြောက်ကိုရီးယားနိုင်ငံက ဇူလိုင် ၉ ရက်နေ့မှာ ရေငုပ်သင်္ဘောကနေ တိုက်ချင်းပစ်ဒုံးကျည်တစင်း စမ်းသပ်ပစ်လွှတ်ခဲ့ပေမယ့်လည်း မကြာခင်မှာပဲ ပျက်စီးသွားတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံ၊ အရှေ့ဘက်က ရှင်ပို Sinpo ဆိပ်ကမ်းမြို့ကနေ ပင်လယ်ပြင်ထဲ ပစ်လွှတ်ခဲ့တာလို့ပြောဆိုပါတယ်။ လွန်ခဲ့တဲ့ ၃ လလောက်ကလည်း အခုလိုပဲ ရေငုပ်သင်္ဘောကနေ စမ်းသပ်ပစ်လွှတ်ခဲ့ပေမယ့်လည်း အဲ့ဒီတကြိမ်ကလည်း မအောင် မြင်ခဲ့ပါဘူး။ မြောက်ကိုရီးယားနိုင်ငံဟာ နျူးကလီးယားလက်နက်စမ်းသပ်နေတယ်လို့ အနောက်အင်အားကြီးနိုင်ငံတွေက ယုံကြည်နေကြပြီး အခုလို ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်မှုတွေကိုလည်း ကုလသမဂ္ဂက ပိတ်ပင်ထားတာပါ။ မြောက်ကိုရီးယားနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ခေါင်းဆောင် ကင်ဂျုံအန်းနဲ့ တိုက်ရိုက်ပတ်သက်တယ်ဆိုပြီး ကင်ဂျုံအန်းနဲ့ ခေါင်းဆောင်တချို့ကို အမေရိကန်အစိုးရက ပုဂ္ဂိုလ်တဦးချင်း ပထမဆုံး ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up