A d v e r t i s e m e n t With Us

ရဟတ်ယာဉ် ပစ်ချခဲ့မှုရုပ်သံ အိုင်အက်စ်ဆက်နွှယ်သည့် သတင်းဌာန ပြသ (ရုပ်သံ)

ဆီးရီးယားနိုင်ငံ ပယ်မိုင်ယာမြို့အနီးမှာ ရုရှား ရဟတ်ယာဉ်တစင်း ပစ်ချခံလိုက်ရပုံကို အိုင်အက်စ်အဖွဲ့နဲ့ ပတ်သက်နေတဲ့ အာမက် Amaq သတင်းဌာနက ပြသပါတယ်။ ရဟတ်ယာဉ် ချာချာလည်ပြီး ပျက်ကျနေပုံကို ရိုက်ကူးထားပြီး ဘုရားသခင်က ကြီးမြတ်တယ်လို့ အော်နေတဲ့ အသံတွေလည်း ကြားရပါတယ်။ ရုရှား ကာကွယ်ရေးဌာနကလည်း ပယ်မိုင်ယာမြို့ အနီးမှာ စစ်သွေးကြွတွေ လက်ချက်နဲ့ စစ်ရဟတ်ယာဉ်တစင်း ပျက်ကျသွားတယ်လို့ အတည်ပြုပါတယ်။ လေယာဉ်မှူး နှစ်ယောက်စလုံး သေဆုံးသွားတယ်လို့ ကာကွယ်ရေးဌာနကို ကိုးကားတဲ့ Interfax  သတင်းက ဆိုပါတယ်။ ရုရှား စစ်တပ်ဟာ ဆီရီးယား စစ်ပွဲထဲမှာ မနှစ်က စလို့ ပါဝင်နေတာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up