သေနတ်သံများ ဆူညံသွားသည့် တောင်ဆူဒန် ငြိမ်းချမ်းရေးဆွေးနွေးပွဲ (ရုပ်သံ)

တောင်ဆူဒန်နိုင်ငံမြို့တော် ဂျူဗာမှာ သမ္မတနဲ့ သူပုန်ခေါင်းဆောင်တွေ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် သေနတ်နဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဇူလိုင် ၈ ရက် အစိုးရနဲ့ သူပုန်တပ်ဖွဲ့တွေအကြား ထိတွေ့မှုတွေ ဖြစ်ပွားရာမှာ စစ်သား ၅ ဦး သေဆုံးခဲ့ပြီး နာရီအနည်းငယ်အကြာမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် အထိမခံတဲ့ ငြိမ်းချမ်းရေး ပျက်ပြားသွားမှာကို စိုးရိမ်ပူပန်မှုတွေလည်း မြင့်တက်နေပါတယ်။ လူထုတွေအကြားမှာ ယုံကြည်မှုတွေ တည်ဆောက်ရေးနဲ့ သဘောတူညီချက်တွေကို အကောင်ထည်ဖော်ရေးတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတ ဆာလ်ဗာက ပြောပါတယ်။ လက်ရှိမှာတော့ ဆာဗာက သမ္မတရာထူးကို ရယူထားသလို သူပုန်ခေါင်းဆောင် ရစ်မက်ဟာက ပထမ ဒုသမ္မတ အဖြစ် တာဝန်ယူထားပါတယ်။ ပစ်ခတ်မှုတွေက ခေါင်းဆောင်တွေ ဆွေးနွေးနေစဉ် ဖြစ်ပွားခဲ့ပြီး သတင်းစာရှင်းလင်းပွဲလုပ်ဆောင် ရာမှာလည်း သေနတ်သံတွေကို ကြားနေရတယ်လို့ ဆိုပါတယ်။ သတင်းထောက်တွေကိုလည်း နန်းတော်ထဲမှာ ထားထားပြီး လုံခြုံစိတ်ချရတဲ့ အချိန်မှ ထွက်ခွာခွင့်ပေးထားခဲ့ပါတယ်။ ပစ်ခတ်မှုဘာကြောင့် ဖြစ်ပွားခဲ့သလဲဆိုတာကိုတော့ ခေါင်းဆောင် ၂ ဦးစလုံးက မသိရှိရသေး သလို တောင်ဆူဒန် နိုင်ငံသားတွေကို အိမ်ထဲမှာ နေဖို့ ရေဒီယိုကေနေ တဆင့် တိုက်တွန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up