A d v e r t i s e m e n t With Us

ရုရှားနယ်စပ်သို့ ရာချီ ဗြိတိန် တပ်ဖွဲ့များ စေလွှတ်မည်

ဘောလ်တစ် ပြည်နယ်မှာ ရုရှားတွေ ရှိနေမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ တိုးမြင့်လာတဲ့အတွက် ရာချီတဲ့ တပ်ဖွဲ့တွေကို ဗြိတိန်က စေလွှတ်သွားဖို့ ရှိနေတယ်လို့ ၀န်ကြီးချုပ် ကင်မရွန်က ကြေညာဖို့ရှိနေပါတယ်။ ရုရှားရဲ့ ကျူးကျော်ရန်စမှုကို တားမြစ်ဖို့အတွက် နေတိုး တပ်သား ၆၅၀ လောက်ကို အရှေ့ ဥရောပကို ပို့မယ်လို့ ကာကွယ်ရေးဝန်ကြီး မိုက်ကယ်ဖောလွန် ပြောဆိုချက်ကို ကိုးကားပြီး ဗြိတိန် အင်ဒီပန်းဒင့် သတင်းက ရေးပါတယ်။ တပ်သား ၅၀၀ ပါဝင်တဲ့ တပ်သားကို အက်စတိုးနီးယားကို စေလွှတ်မှာ ဖြစ်ပြီး ၁၅၀က ပိုလန်မှာ အခြေချမယ်လို့ ၀န်ကြီးက အတည်ပြုပါတယ်။ လာမယ့်နှစ်အစောပိုင်းမှာ ဗြိတိန်က နေတိုးရဲ့ အရန်တပ်ဖွဲ့ခေါင်းဆောင် နေရာကို ရယူဖို့လည်း ရှိနေပါတယ်။ အရှေ့ပိုင်းက နေတိုး နိုင်ငံတွေက ရုရှားရဲ့နယ်စပ်မှာ စစ်ရေးလေ့ကျင့်မှု၊ လေယာဉ်တွေ ပျံ့သန်းမှု စတဲ့ လှုပ်ရှားမှုတွေကြောင့် ဖိအားတော်တော်များများကို ရင်ဆိုင်နေရတယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ နေတိုးရဲ့ အထောက်အပံ့ကို ရုရှားက ဆက်လက်ပြသဖို့ တာဝန်ရှိတယ်လို့လည်း ပြောပါတယ်။ ၂၀၁၄ ခုနှစ် ရုရှားက ယူကရိန်းရဲ့ ခရိုင်းမီးယားကို ၀င်ရောက် သိမ်းယူပြီး အရှေ့ဥရောပမှာ နောက်ထပ်တပ်ရင်း ၄ ခုလောက် ထပ်မံ ချထားဖို့ နေတိုးက အသေအချာ ပြောဆိုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up