A d v e r t i s e m e n t With Us

ရုရှားက ရန်စမှုများ ဆက်လုပ်နေသည့်အပေါ် အမေရိကန် သတိပေး

NATO and U.S. flags flutter as U.S. Air Force F-22 Raptor fighter flies over the military air base in Siauliai, Lithuania, April 27, 2016. REUTERS/Ints Kalnins/File Photo
ရုရှားဘက်က ရန်စမှုတွေကို ဆက်လုပ်နေမယ်ဆိုရင် နေတိုး အဖွဲ့ဘက်က တုံ့ပြန်ဖို့ ဖြစ်လာလိမ့်မယ်လို့ အမေရိကန် အစိုးရက ဇူလိုင် ၈ ရက်နေ့  သတိပေးလိုက်ပါတယ်။ ရုရှားဘက်က အခု ပုံစံမျိုးအတိုင်းပဲ ရန်လိုတဲ့ အပြုအမူတွေကို ဆက်လုပ်နေမယ်ဆိုရင် အရှေ့ဥရောပမှာ နေတိုးတပ်ဖွဲ့တွေ အင်အားပို တိုးချဲ့တာ ဖြစ်လာလိမ့်မယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး လက်ထောက် အကြံပေး ဘန်းရိုဒီစ် Ben Rhodes က သတင်းစာရှင်းလင်းပွဲမှာ  ပြောပါတယ်။ နေတိုးအဖွဲ့အနေနဲ့ မဟာမိတ်တွေကို အကာအကွယ်ပေးဖို့၊ အရှေ့ပိုင်းက မဟာမိတ်အဖွဲ့ဝင်တွေကို အကာအကွယ်ပေးဖို့ လိုအပ်တာတွေကို လုပ်ဆောင်သွားမယ်လို့ ၀ါဆောမှာ ကျင်းပတဲ့ နေတိုး ထိပ်သီး အစည်းအဝေးမှာ ပြောပါတယ်။ ကျင်းပနေတဲ့ နေတိုး အစည်းအဝေးဟာလည်း ဗြိတိန်ကို အပြစ်ပေးဖို့ နည်းလမ်းတွေကို ဆွေးနွေးတာမျိုးမဟုတ်ဘဲ ဆက်ဆံရေး ပုံစံသစ်အတွက် နည်းလမ်း ရှာတာပဲ ရှိတယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up