ဒါးလက်စ် တိုက်ခိုက်မှု လူမည်းအင်အားအုပ်စု လက်ချက်ဟု ကြေညာ

ရဲတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ရတဲ့ အမေရိကန်ပြည်ထောင်စု ဒါးလက်စ် ပစ်ခတ် တိုက်ခိုက်မှုဟာ လူမည်းအင်အားစု နိုင်ငံရေးအဖွဲ့ (ဘီပီပီအို) က လုပ်ဆောင်တာလို့ ဒီအဖွဲ့က ကြေညာလိုက်ပါတယ်။ ဒီတိုက်ခိုက်မှုရဲ့နောက်ကွယ်မှာ သူတို့ ရှိနေသလို နောက်ထပ်တိုက်ခိုက်မှုတွေလာဦးမယ်လို့ ဒီအဖွဲ့ရဲ့ လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ်စာမျက်နှာပေါ်က ကြေညာချက်ကို ကိုးကားပြီး ဗြိတိန် မေးရားသတင်းကရေးပါတယ်။ ဖေ့ဘွတ်ခ်မှာ လူ ၃၀၀ လောက်သာ နောက်လိုက်ရှိတဲ့ ဘီပီပီအိုနဲ့ပတ်သက်ပြီး သတင်းအချက်အလက် အနည်းငယ်သာ သိရှိထားသလို တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး အဖွဲ့ရဲ့လက်ချက်ဖြစ်တဲ့အကြောင်းကို ရေးသားခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဖေ့ဘွတ်ခ်ရဲ့ မူဝါဒကို ချိုးဖောက်တဲ့အတွက် ဒီအဖွဲ့ရဲ့ အကောင့်ဟာ ဖေ့စ်ဘွတ်ခ်ပေါ်ကနေ ဖြုတ်ချခံထားရပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေကတော့ တိုက်ခိုက်မှုနဲ့ နိုင်ငံရေး ရည်ရွယ်ချက်ရှိမရှိကိုတော့ အတည်မပြုခဲ့ပါဘူး။ ဒါးလက်စ်ရဲတပ်ဖွဲ့အကြီးအကဲကတော့ ဒီတိုက်ခိုက်မှုဟာ ဘယ်အဖွဲ့ရဲ့ လက်ချက်မှ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ 1အစောပိုင်းကတိုက်ခိုက်မှုကို စနိုက်ပါသမား ၃ ဦးနဲ့ ၄ ဦးအကြား လုပ်ဆောင်ခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် နောက်ပိုင်းမှာ တဦးတည်း လုပ်ဆောင်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ သေနတ်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့သူကို နောက်ပိုင်းမှာ ရဲတပ်ဖွဲ့က စက်ရုပ်ကို အသုံးပြုပြီး တိုက်ခိုက် ချေမှုန်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up