Home
သတင်းဓာတ်ပုံ
ဗိုလ်ချုပ်ပုံတူလိုမျိုး ဒေါ်အောင်ဆန်းစုကြည်ပုံတူရုပ်တု ထုလုပ်မည်
DVB
·
July 9, 2016
13645332_1373644922650797_7815684864509033139_n
13620863_1373644812650808_2979639184585863104_n
13567336_1373644925984130_6052093096899232524_n
13567020_1373644989317457_2539432945947991476_n
ဗိုလ်ချုပ်အောင်ဆန်းပုံတူ ဆီလီကွန်ရုပ်တုကို ထုလုပ်ခဲ့တဲ့ ပညာရှင် ဦးအောင်ကျော်ထွန်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူကို ထပ်မံထုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူ ဆီလီကွန်ရုပ်တုကို သြဂုတ်လမှာ စတင် ထုလုပ်သွားမှာပါ။ ပထမဆုံး ကိုယ်တပိုင်းပုံတူကို စတင်ထုလုပ်ပြီး အဲဒီ့ကတဆင့် တစ်ပေအရွယ် ဆီလီကွန်ရုပ်တုကို စမ်းသပ်ထုလုပ်ပြီးမှ လူအရွယ်အစားအတိုင်း ထုလုပ်သွားမှာဖြစ်ပါတယ်။ ဆီလီကွန်ပညာရှင် ဦးအောင်ကျော်ထွန်းအနေနဲ့ မကြာသေးခင်ကလည်း ဗိုလ်ချုပ်အောင်ဆန်းပုံတူ ရုပ်တုကို ထုလုပ်ခဲ့ပြီး ဗိုလ်ချုပ်ပြတိုက်မှာပြသထားပါတယ်။ ဆီလီကွန် ရုပ်တုတခုကို ကုန်ကျစရိတ် ကျပ်သိန်း ၃၀ ဝန်းကျင် ကုန်ကျပါတယ်။ ဒါ့အပြင် လက်ရှိမှာ ဆရာတော်ပုံတူတွေနဲ့ နိုင်ငံရေးခေါင်းဆောင်ပုံတွေကို ဆက်လက်ထုလုပ်နေပြီး နာမည်ကျော်ပုဂ္ဂိုလ် အများအပြားရဲ့ ဆီလီကွန်ပုံတူတွေကို ထုလုပ်ပြီးဖြစ်ပါတယ်။ ဒါ့ပြင် ဗိုလ်ချုပ်ကို မျိုးဆက်သစ်တွေ အမှတ်ရစေဖို့အတွက် လာမယ့် ဇူလိုင် ၁၉ ရက်နေ့မှာတော့ ၈ လက်မအရွယ် ဗိုလ်ချုပ်ပုံတူ ဆီလီကွန်ရုပ်တုတွေ ကလေးတွေကို မဲဖောက်ပေးသွားမှာဖြစ်ပါတယ်။ သတင်းနှင့်ဓာတ်ပုံ - အာကာ  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024