ခန္ဓာကိုယ်ကို သွားဖြင့်ထိန်းရန် လေ့ကျင့်နေသည့် မွန်ဂိုလီးယား ကလေးကျွမ်းဘားမယ် (ရုပ်သံ)

ခန္ဓာကိုယ်အလေးချိန်ကို သွားနဲ့ ထိန်းနိုင်ဖို့အတွက် မွန်ဂိုးလီးယားက အသက် ၉ နှစ်အရွယ် ကလေးကျွမ်းဘားမယ်လေး Suvd-Erdene က အပြင်းအထန် လေ့ကျင့်နေပါတယ်။
သူရဲ့အဖွဲ့ထဲက တခြားသူတွေကတော့ ခန္ဓာကိုယ် အလေးချိန်ကို သွားနဲ့ ထိန်းနိုင်ပြီ ဖြစ်ပါတယ်။
မြို့တော် ဘူလန်ဘာတာမှာ ခြေ၊ လက်၊ ခန္ဓာကို ကျွမ်းကျင်စွာ ခွေခေါက်ကွေးညွှတ်လိမ်ယှက်တတ်သူတွေဖြစ်အောင် Suvd-Erdeneနဲ့ အပေါင်းအဖော် ၁၂ ဦးတို့က လေ့ကျင့်နေတာ ဖြစ်ပါတယ်။
၁၃ ရာစုက နိုင်ငံရဲ့ စစ်သူရဲကောင်း ဂျင်ဂျစ်ခန့်က ဒီအနုပညာကို ပိုမိုတိုးတက် ကောင်းမွန်အောင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အများစုက အမျိုးသမီးတွေက ပါဝင်ဖျော်ဖြေခဲ့ပြီး ခန္ဓာကိုယ်ကို ကွေးညွတ် ဆန့်ထုတ်ဖျော်ဖြေပြတာ ဖြစ်ပါတယ်။
ကြည့်လိုက်ရင် လွယ်မယ်လို့ ထင်ရပေမယ့် ဒီလို ပျော့ပြောင်းဆန့်ထုတ်နိုင်ဖို့ လပေါင်းများစွာ ပြင်းပြင်းထန်ထန် လေ့ကျင့်ရတာ ဖြစ်ပါတယ်။
Suvd-Erdene က ၆ နှစ်အရွယ်ကတည်းက စတင်လေ့ကျင့်ခဲ့တာလည်း ဖြစ်ပါတယ်။
ခန္ဓာကိုယ်ကို ဆန့်ထုတ်တဲ့လေ့ကျင်ခန်းတွေ လုပ်ဆောင်တိုင်း ငိုယိုမိတယ်လို့ Suvd-Erdeneက ပြောပါတယ်။
ဒီလိုလေ့ကျင်နိုင်ဖို့အတွက် ကျောင်းကလည်း သီးသန့် အချိန်သတ်မှတ်ပေးထားတယ်လို့ ဆိုပါတယ်။
မွန်ဂိုးလီးယားက ခြေ၊ လက်၊ ခန္ဓာကို ကျွမ်းကျင်စွာ ခွေခေါက်ကွေးညွှတ်လိမ်ယှက်တတ်သူတွေရဲ့ လိုအပ်ချက်ဟာ အရမ်းမြင့်မားသလို စန်းရှိတဲ့ ဖျော်ဖြေတင်ဆက်သူတွေကို နိုင်ငံတကာက ပြဇာတ်တွေက စောင့်ကြည့်ပြီး အလုပ်အကိုင်ပေးထားလေ့ရှိပါတယ်။