Live
Home
မြန်မာသတင်း
နဘဲကြူးရွာ စစ်ရှောင်ဒုက္ခသည်ကလေးငယ်များ အကူညီလိုအပ်
DVB
·
July 9, 2016
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ် နဘဲကြူးရွာမှာ တည်ရှိတဲ့ ရှမ်းပြည်နယ်က စစ်ဘေးရှောင်ဒုက္ခသည် ကလေးငယ်တွေအတွက် စာရေးကိရိယာတွေနဲ့ ထောက်ပံ့ကူညီမှုတွေ လိုအပ်နေပါတယ်။ နဘဲကြူးရွာ စစ်ဘေးဒုက္ခသည်ကျောင်းကို ၂၀၁၅ ခုနှစ်က စတင်တည်ထောင် ဖွင့်လှစ်ခဲ့ပြီး ကျောင်းသူ/သားဦးရေ ၁၇၄ ဦးရှိကာ ဆရာ/မ ၉ ဦးနဲ့ လည်ပတ်နေရတာ ဖြစ်ပါတယ်။ ကလေးငယ်တွေဟာ ရှမ်းပြည်နယ်နေရာဒေသအသီးသီးမှ စစ်ဘေးသင့်ဒဏ်ခံခဲ့ရတဲ့ ကလေးသူငယ်တွေဖြစ်ပြီး မိဘမဲ့ကလေးငယ်တွေလည်း ပါဝင်ပါတယ်။ အများစုက ရှမ်ပြည်နယ်၊ လောက်ကိုင်၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင် စတဲ့ဒေသတွေက ကလေးငယ်တွေအများဆုံဖြစ်ပြီး အသက် ၁ နှစ်အရွယ်ကနေ ၁၇ နှစ်အရွယ်ထိရှိကြတယ်လို့ ဦးဆောင်ဆရာတော် ဥူးဝေဠုရိယက မိန့်ပါတယ်။ အခုအခါ ကလေးငယ်တွေအတွက် ဆေးဝါး၊ အစားအသောက်၊ အဝတ်အထည်တွေနဲ့ စာရေးကိရိယာတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ ကျောင်းမှာ မူလတန်းကနေ ၁၀ တန်းထိကို ဆရာ/မ ၉ ဦးနဲ့သာ သင်ကြားနေရလို့ ဆရာ/မ လုံလောက်မှုလည်း မရှိဘူးလို့ ဆရာတော်က မိန့်ပါတယ်။ စစ်ဘေးဒုက္ခသည် ကလေးငယ်တွေရဲ့စားဝတ်နေရေးကို ဘုန်းတော်ကြီးတွေက ကိုယ်ထူကိုယ်ထစနစ်နဲ့ ဖြေရှင်းနေကြရတာဖြစ်လို့ စာသင်ကျောင်းအဆောက်အဦ၊ နေရာအဆောင် စတာတွေလည်း လိုအပ်မှုတွေရှိနေသေးတာဖြစ်ပါတယ်။ စစ်ဘေးဒုက္ခသည် ကလေးငယ်တွေနဲ့ ပတ်သက်ပြီး အစိုးရထံမှ အထောက်အပံ့မရှိဘဲ အလှူရှင်တွေရဲ့ အကူညီတွေနဲ့သာ ဖြေရှင်းနေရတယ်လို့ ဆရာတော်က မိန့်ပါတယ်။ သတင်းနှင့်ဓာတ်ပုံ - အောင်ကိုလတ်  

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024