A d v e r t i s e m e n t With Us

မာရေးက ဘာဒစ်ကို ၃ ပွဲပြတ်အနိုင်ယူပြီး ၀င်ဘယ်လ်ဒန်ဗိုလ်လုပွဲတက်

ဗြိတိန်နိုင်ငံ လန်ဒန်မှာ ယှဉ်ပြိုင်သွားတဲ့ ၀င်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲ အမျိုးသား တဦးချင်း ဆီမီးဖိုင်နယ်မှာ နာမည်ကြီး အန်ဒီ မာရေးက တိုမက်စ် ဘာဒစ်ကို ၃ ပွဲပြတ်နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်သွားပါတယ်။ ဇူလိုင် ၈ ရက်နေ့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ဒုတိယ ရေပန်းအစားဆုံး ဖြစ်တဲ့ ဗြိတိန်သား မာရေးဟာ တပွဲလုံးကို ထိန်းချုပ် ကစားနိုင်ခဲ့ပါတယ်။ ချက်နိုင်ငံသား ဘာဒစ်ဟာ ဒီပွဲမှာ အမှားအယွင်းများခဲ့လို့ ၃ ပွဲပြတ်နဲ့ အရှုံးပေးလိုက်ရတာပါ။ အန်ဒီမာရေးဟာ ၀င်ဘယ်လ်ဒန် ပြိုင်ပွဲမှာ ၃ ကြိမ်မြောက်အဖြစ် ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ ဗိုလ်လုပွဲမှာတော့ မာရေးဟာ နာမည်ကြီး ရော်ဂျာ ဖက်ဒရာကို အနိုင်ယူလာတဲ့ ကနေဒါက မီလို့စ် ရုနစ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up