Home
မြန်မာသတင်း
ပေါင်းတည် စည်ပင်ဌာနကို အရေးယူပေးရန် ဆန္ဒပြ
DVB
·
July 9, 2016
13626424_1782845971951453_7299079280508387761_n
13620130_1782845911951459_8365670599562687867_n
13619990_1782845758618141_7656280006675603134_n
13615309_1782845865284797_2940602546936981000_n
13615155_1782846878618029_1798915194202708714_n
13606589_1782845831951467_2762953885631615272_n
13590269_1782845725284811_3856637651772344370_n
13532819_1782845791951471_7921347525966162242_n
ပေါင်းတည်မြို့နယ် စည်ပင်အမှုဆောင်အရာရှိနဲ့ စည်ပင်ဌာနကို အရေးယူပေးဖို့ ပြည်သူတွေက ဒီနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်မှာ ဒီနေ့မနက်ပိုင်းက ပေါင်းတည်မြို့ ပြည်သူ့အကျိုးဆောင်ကွန်ရက်နှင့် ပေါင်းတည်မြို့နယ် ဒေသခံ အင်အား ၁၀၀ လောက်က ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။ အစိုးရက ချမှတ်ပေးတဲ့ ဘတ်ဂျက်တွေနဲ့ လမ်းတံတား ရေနုတ်မြောင်းတွေ တူးဖော်တဲ့ ကိစ္စရပ်တွေမှာ ပွင့်လင်းမြင်သာစွာ အများပြည်သူနဲ့ မြို့နယ်စည်ပင်ကော်မတီကို ချပြတာ မရှိလို့ အခုလို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ ပေါင်းတည်မြို့ ဈေး ၁  ရပ်ကွက်ကနေစပြီး ရန်ကုန်-ပြည် ကားလမ်း  ၁  လမ်း၊   ၃၇ လမ်း၊  ၃၈ လမ်းနဲ့ လမ်း ၄၀  မှတ်တိုင်လမ်း ဘုရားကြီးလမ်းဆုံအထိ စီတန်းလှည့်လည်ကာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ အစိုးရ ချမှတ်ပေးတဲ့ စည်ပင် ဘတ်ဂျက်တွေ စနစ်တကျအသုံးပြုရေး၊ မြို့နယ်သန့်ရှင်းလှပရေး၊ အန္တရာယ်ရှိ ကြော်ငြာ ဆိုင်းဘုတ်တွေ ဖယ်ရှားရေး၊ ရေစီး ရေလာ ကောင်းမွန်ရေး၊ အလုပ်မလုပ်တဲ့ စည်ပင် အလိုမရှိ၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ အလိုမရှိ စတဲ့ကြွေးကြော်သံတွေနဲ့ ပိုစတာတွေကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ကိုဇေယျာ    
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024