A d v e r t i s e m e n t With Us

မိုင်းဖုန်းဆရာတော်ကို ဒေါ်အောင်ဆန်းစုကြည် ဖူးမြော် (ရုပ်သံ)

တာချီလိတ်မြို့လေဆိပ်ကတဆင့် နေပြည်တော်ကို လေယာဉ်နဲ့ ကြွရောက်လာတဲ့ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရကို  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖူးမြော်ခဲ့ပါတယ်။ ဇူလိုင် ၈ ရက်၊ ညဦးပိုင်းက ဥပ္ပါတသန္တိစေတီတော်အနီးမှာရှိတဲ့ သံဃာရာမ ၂ အဆောင်မှာ လာရောက်ဖူးမြော်ခဲ့တာ ဖြစ်ပါတယ်။ ည ၇ နာရီခွဲကနေ ၈ နာရီကျော်ထိ နာရီဝက်ကျော် တွေ့ဆုံဖူးမြော်ခဲ့ပြီး ဆရာတော်က ဒေါ်အောင်ဆန်းစုကြည် ကိုးကွယ်ဖို့ ဘုရားဆင်းတုတော်တဆူကိုလည်း ပေးအပ်ခဲ့ပါတယ်။ အရင်က မိုင်းဖုန်းဆရာတော်ဟာ ပြည်ဝင်ခွင့်ပိတ်ပင်ခံထားရလို့ ထိုင်းနိုင်ငံမှာနေထိုင်ခဲ့ပြီး မြန်မာနိုင်ငံကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလက ပြည်ဝင်ခွင့်ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up