A d v e r t i s e m e n t With Us

ဒါးလက်စ် ပစ်ခတ်မှု သံသယရှိသူကို ဗုံးစက်ရုပ်ဖြင့် ဗုံးခွဲတိုက်ခိုက် (ရုပ်သံ)

အမေရိကန်မှာ လူမည်း ၂ ဦးကို ရဲတပ်ဖွဲ့က ပစ်သတ်လို့ ဒါးလက်စ်မှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေအတွင်း ရဲတပ်ဖွဲ့ဝင် ၅ ဦးကို ပစ်ခတ်ခဲ့တယ်လို့ သံသယရှိတဲ့ သေနတ်သမားကို  ဗုံး စက်ရုပ်နဲ့ အသေဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။ စေ့စပ်ညှိနှိုင်းဆွေးနွေးလို့ အဆင်မပြေဖြစ်ခဲ့ပြီးတဲ့နောက် လက်နက်တွေနဲ့ အဆင့်မြင့် ကင်မရာတွေတပ်ဆင်ထားတဲ့ စက်ရုပ်ကို အမေရိကန်ရဲတွေက ပထမဆုံးအသုံးပြု တိုက်ခိုက်ခဲ့ပါတယ်။ သံသယရှိတဲ့ သေနတ်သမားခိုအောင်းနေတယ်လို့ ယူဆရတဲ့ ကားရပ်နားရာနေရာကို အဝေးထိန်းစနစ်နဲ့ စက်ရုပ်ကို မောင်းနှင်ကာ ဗုံးကို ချခဲ့ပြီး ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။ သံသယရှိခံရတဲ့သူဟာ အသက် ၂၅ နှစ်အရွယ် မီကာ ဂျွန်ဆင် ဖြစ်ပြီး ဒါလက်စ်မြို့လယ်မှာ အချိန်အတော်ကြာ ရဲတပ်ဖွဲ့နဲ့ လိပ်ခဲတည်းလည်း အခြေအနေ ဖြစ်ပွားကာ သေဆုံးသွားခဲ့ပါတယ်။ မီကာဟာ အမေရိကန် စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ရာဇ၀တ်မှု ကျူးလွန်တဲ့ သမိုင်းကြောင်းကို မတွေ့ရဘူးလို့ ဆိုပါတယ်။ ဒါးလက်စ် မြို့တော်ဝန် မိုက်ရောလင်းက သံသယရှိသူကို လက်နက်ချမလား ဒါမှမဟုတ် နဂိုနေရာမှာ ဆက်နေမလားဆိုပြီး ရွေးချယ်ခိုင်းခဲ့ရာမှာ ဆက်နေမယ်လို့ အကြောင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်။ စေ့စပ်ညှိနှိုင်းနေစဉ်အတွင်း မကြာခင်က ဖြစ်ပွားခဲ့တဲ့ လူမည်းတွေကို ရဲတွေက ပစ်ခတ်ခဲ့တာကို စိတ်ဆိုးလို့ လူဖြူတွေ အထူးသဖြင့် လူဖြူရဲအရာရှိတွေကို သတ်ချင်တယ်လို့ သံသယရှိသူက စေ့စပ်ညှိနှိုင်းသူတွေကို ပြောဆိုခဲ့တယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲ ဒေးဗစ်ဘရောင်းက ပြောပါတယ်။ အဖွဲ့အစည်းတစုံတရာနဲ့ ပတ်သက်ခဲ့ခြင်းမရှိသလို တဦးတယောက်တည်း ကျူးလွန်ခဲ့တာလို့လည်း ဆိုပါတယ်။ မြို့တော်ဝန် မိုက်ရောလင်းကတော့ တဦးတယောက်တည်း ပစ်ခတ်တာဖြစ်တယ်လို့ ယုံကြည်နေသလို လက်ရှိမှာတော့ မြို့က လုံခြုံစိတ်ချရပြီလို့ ပြောပါတယ်။ သံသယရှိတဲ့ သေနတ်သမားရဲ့ နေအိမ်မှာ ဗုံးလုပ်တဲ့ ပစ္စည်းတွေ ရိုင်ဖယ်နဲ့ တခြား လက်နက်တွေကို တွေ့ခဲ့ရတယ်လို့လည်း ဆိုပါတယ်။ အစောပိုင်းက ရဲတွေက သံသယရှိတဲ့သူလို့ ယူဆပြီး ထုတ်ပြန်ထားခဲ့တဲ့သူ မဟုတ်ဘူးဆိုတာ ရှင်းလင်းသွားပြီလို့ ဆိုပါတယ်။ မင်နီဆိုတာနဲ့ လူဝစ်စီယားနားမှာ လူမည်း ၂ ဦးကို ရဲတပ်ဖွဲ့တွေက ပစ်သတ်ခဲ့အပြီးမှာတော့ ဒါးလက်စ်မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဆန္ဒပြနေစဉ်အတွင်း သေနတ်သမားက ရဲတွေကို ပစ်ခတ်ခဲ့လို့ ရဲအရာရှိ ၅ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါအပြင် ဂျော်ဂျီယာ၊ မစ်ဆိုရီနဲ့ တန်နစ်ဆီ တို့မှာလည်း ရဲအရာရှိနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုတွေ ဇူလိုင် ၈ ရက်က ဖြစ်ပွားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up