A d v e r t i s e m e n t With Us

ရော်နယ်ဒို၏ ပေါ်တူဂီအသင်း ဗိုလ်စွဲမည်ဟု ဆင်မလေးဇယ်လာ ခန့်မှန်း (ရုပ်သံ)

ယူရို ၂၀၁၆ ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ပေါ်တူဂီအသင်း အနိုင်ရမယ်လို့ ဆင်မလေး ဇယ်လာက ခန့်မှန်းလိုက်ပါတယ်။ ယူရို ဗိုလ်လုပွဲစဉ်အဖြစ် လာမယ့် ဇူလိုင် ၁၁ ရက်နေ့ မနက်အစောပိုင်းမှာ အိမ်ရှင် ပြင်သစ်နဲ့ ပေါ်တူဂီတို့ ယှဉ်ပြိုင်ရမှာပါ။ ဒီပွဲစဉ်နဲ့ ပက်သက်လို့ ဂျာမဏီနိုင်ငံ စတူဂတ် တိရစ္ဆာန်ဥယျာဉ်ထဲက အသက် ၄၉ နှစ်အရွယ် ဆင်မလေး ဇယ်လာက ပေါ်တူဂီနိုင်မယ်လို့ ခန့်မှန်းလိုက်တာပါ။ သံနဲ့ ပြုလုပ်ထားတဲ့ ခြင်းထဲမှာ အသင်း ၂ သင်းရဲ့ အလံပါတဲ့ ဘောလုံး ၂ လုံးထဲက တလုံးကို ရွေးချယ်ပြီး ခန့်မှန်းတာ ဖြစ်ပါတယ်။ ဆင်မလေး ဇယ်လာက ပေါ်တူဂီ အလံပါတဲ့ ဘောလုံးကို ရွေးချယ်လိုက်တဲ့အတွက် ဗိုလ်လုပွဲမှာ ပေါ်တူဂီ အနိုင်ရမယ်လို့ ခန့်မှန်းတာ ဖြစ်ပါတယ်။ ဇယ်လာဟာ ရှုံးထွက် ပွဲစဉ်တုန်းက ၃ ပွဲ ခန့်မှန်းရာမှာ ၃ ပွဲစလုံး မှန်ကန်ခဲ့ပါတယ်။ တိရစ္တာန်ဥယျာဉ် တာဝန်ရှိသူကတော့ ဇယ်လာရဲ့ ခန့်မှန်းချက်တွေဟာ ၆၅ ရာခိုင်နှုန်းလောက် မှန်ကန်ပြီး ကမ္ဘာ့ဘောလုံး အားကစားနဲ့ ပက်သက်လို့ အတွေ့အကြုံတွေ ရှိတယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up