A d v e r t i s e m e n t With Us

ပီတာချက် လက်ရွေးစင်အသင်းမှ အနားယူ

ချက်အသင်း ဂိုးသမား ပီတာချက်ဟာ လက်ရွေးစင်အသင်းကနေ အနားယူလိုက်ပြီ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ အသက် ၃၄ နှစ်အရွယ် ဂိုးသမား ပီတာချက်ရဲ့ ချက်အသင်းဟာ ယူရိုပြိုင်ပွဲမှာ အုပ်စု အဆင့်ကနေ ထွက်ခဲ့ရပါတယ်။ အာဆင်နယ်ဂိုးသမား ပီတာချက်ဟာ ချက်အသင်းအတွက် ပွဲပေါင်း ၁၂၁ ပွဲ ကစားပေးထားပါတယ်။ ပီတာချက်ကတော့ ချက်အသင်းအတွက် ကစားပေးခဲ့ရတဲ့ အချိန်တွေကို ဂုဏ်ယူကြောင်း ပြောပါတယ်။ သူဟာ ချက်အသင်းနဲ့အတူ ယူရို ၂၀၀၄ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up