A d v e r t i s e m e n t With Us

၃ ရက်ဆက် ကားလမ်းကြပ်သည့် အင်ဒိုနီးရှားတွင် လူ ၁၂ ဦးသေ

ဓာတ်ပုံ - အေအက်ဖ်ပီ
အင်ဒိုနီးရှားနိုင်ငံမှာ ၃ ရက်ဆက် ကီလိုမီတာ ၂၀ ရှည် ကားလမ်းကြပ်ခဲ့တဲ့အတွက် လူ ၁၂ ဦး သေဆုံးတယ်လို့ ဇူလိုင် ၈ ရက်မှာ အာဏာပိုင်တွေက ပြောပါတယ်။ ဂျာဗာကျွန်းပေါ်က ဘရီဘဲလ် အဝေးပြေး မီးပွိုင့်လမ်းဆုံမှာ သန်းချီတဲ့ကားတွေ ပိတ်ခဲ့တာလို့ ပို့ဆောင်ရေးဝန်ကြီးဌာန ပြောခွင့်ရကို ကိုးကားပြီး အေအက်ဖ်ပီသတင်းမှာ ရေးပါတယ်။ ဇူလိုင် ၃ ရက်မှ ၅ ရက်အတွင်း လမ်းပိတ်တဲ့အတွက် သေဆုံးသူ ၁၂ ဦးရှိခဲ့ပြီး သေဆုံးသူတွေဟာ သက်ကြီးရွယ်အိုတွေဖြစ်ကာ မောပန်းမှုနဲ့ တခြား အရေးပေါ် အခြေအနေကြောင့် သေဆုံးတာလို့ ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ မီးခိုးငွေ့ အဆိပ်သင့်လို့ ၁ နှစ်အရွယ် ကလေး ၁ ဦးလည်း သေဆုံးခဲ့ပါတယ်။ လမ်းပေါ်မှာ နေရာလွတ်မရှိအောင် ကားတွေပိတ်နေပြီး ဖြေရှင်းဖို့ နည်းလမ်းမရှိဘူးလို့လည်း ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ နှစ်စဉ် ရာမဒါ ပြီးဆုံးချိန်ရောက်တိုင်း သန်းချီတဲ့ နိုင်ငံသားတွေက ရွာတွေမှာ သွားရောက်ပြီး အစ်ပွဲကျင်းပလေ့ရှိတဲ့အတွက် လမ်းတွေပိတ်လေ့ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up