A d v e r t i s e m e n t With Us

ဒါးလက်စ် ရဲအရာရှိများကို ပစ်ခတ်သူဟု သံသယရှိသူ ဓာတ်ပုံ ထွက်ပေါ်

ဓာတ်ပုံ - တွစ်တာ
အမေရိကန်ပြည်ထောင်စု လူဝစ်စီယားနားနဲ့ မင်နီဆိုတာတွေမှာ လူမည်းတွေကို ပစ်သတ်ခဲ့တာ ကန့်ကွက်တဲ့ ဒါးလက်စ်က ဆန္ဒပြပွဲမှာ ရဲအရာရှိ ၁၀ ဦးကို ပစ်ခတ်တယ်လို့ သံသယရှိတဲ့သူရဲ့ ဓာတ်ပုံ ထွက်ပေါ်လာပါတယ်။ ဇူလိုင် ၈ ရက် ဒါးလက်စ်မှာပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ စနိုက်ပါ သေနတ်သမား ၂ ဦးက ရဲတပ်ဖွဲ့ကို ပစ်ခတ်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးထိမှန်ပြီး ၄ ဦး သေဆုံးသွားပါတယ်။ စီတန်းလှည့်လည်စဉ်အတွင်း ရိုင်ဖယ်လို့ ယူဆရတဲ့ သေနတ်ကိုလွယ်ပြီး သွားလာနေတဲ့ သံသယရှိသူတဦးရဲ့ ဓာတ်ပုံကို ဒါးလက်စ်ရဲတပ်ဖွဲ့က လူမှုကွန်ရက် တွစ်တာကနေ ဖြန့်ဝေခဲ့ပါတယ်။ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာတော့ အကျိုးစီးပွားရှိသူတဦးဆိုပြီး ဒီသံသယရှိသူကို ရည်ညွန်းကာ တွေ့ရင် သတင်းပေးကြဖို့ ထုတ်ပြန်ထားပါတယ်။ သေနတ်သမားက ဖြစ်နိုင်သမျှ ရဲအမြောက်အမြားကို သတ်ဖြတ်လိုတာဖြစ်ပြီး ပစ်ခတ်မှု သံသယရှိသူတဦးကို ဖမ်းဆီးထားတယ်လို့ ရဲတွေက ပြောပါတယ်။ သံသယရှိတဲ့သူတွေနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကိုလည်း ပစ်ခတ်တဲ့နေရာကလို့ ယူဆရတဲ့နေရာမှာ သိမ်းဆည်းရမိထားတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up