A d v e r t i s e m e n t With Us

လီဗာပူးနောက်ခံလူ စကာတယ်ကို ခေါ်ယူရန် ဖီနာဘာချီအသင်း ညှိနှိုင်း

ဓာတ်ပုံ - ရိုက်တာ
တူရကီကလပ် ဖီနာဘာချီအသင်းက လီဗာပူး နောက်တန်းလူ စကာတယ်ကို ခေါ်ယူဖို့ ညှိနှိုင်းနေကြောင်း အတည်ပြုလိုက်ပါတယ်။ လီဗာပူးနည်းပြ ဂျာဂင်ကလော့က ပြီးခဲ့တဲ့ နွေရာသီမှာ နောက်တန်းကစားသမား တဦးဖြစ်တဲ့ မာတစ်ကို ခေါ်ယူခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ အသက် ၃၁ နှစ်အရွယ် စကာတယ်ဟာ ပွဲထွက်ကစားခွင့် ၂၁ ပွဲပဲ ကစားခွင့်ရတဲ့အတွက် လီဗာပူးကို ကျောခိုင်းဖို့ ဖြစ်လာတာပါ။ ဆလိုဗက်ကီးယား လက်ရွေးစင် အသင်းခေါင်းဆောင် စကာတယ်ဟာ ၂၀၀၈ မှာ ရုရှားကလပ် ဇင်းနစ် စိန့်ပီတာစ်ဘတ်ကနေ လီဗာပူးကို ရောက်ရှိလာတာပါ။ သူ ပြောင်းရွှေ့ဖို့လုပ်နေတဲ့ ဖီနာဘာချီအသင်းဟာ ပြီးခဲ့တဲ့ရာသီက တူရကီ အမှတ်ပေးလိဂ်မှာ ဒုတိယနေရာ ရထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up