A d v e r t i s e m e n t With Us

ဇွန်လအတွင်း ယာဉ်မတော်တဆမှုကြောင့် လူ ၃၀၀ ကျော် သေဆုံး

နေပြည်တော်အပါအ၀င် ပြည်နယ်တိုင်း ၁၅ခုမှာ ဇွန်လအတွင်း ယာဉ်မတော်တဆမှုကြောင့် လူ ၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ နိုင်ငံတ၀န်း ယာဉ်မတော်တဆမှုပေါင်း ၁၂၀၀ ကျော် ဖြစ်ပွားခဲ့ပြီး လူ ၁၈၀၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ ရန်ကုန်တိုင်းအတွင်း ယာဉ်တိုက်မှုပေါင်း ၂၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ပြည်နယ်တိုင်းများအနက် ယာဉ်မတော်တဆမှု အများဆုံး ဖြစ်ပွားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up