A d v e r t i s e m e n t With Us

နယ်သာလန် ကွင်းလယ်လူဟောင်း ဆီးဒေါ့ကို တရုတ်ကလပ် နည်းပြခန့်

ဓာတ်ပုံ - ရိုက်တာ
တရုတ်ကလပ် ရှန်ကျန်အက်ဖ်စီအသင်းက နယ်သာလန် ကွင်းလယ်ကစားသမားဟောင်း ဆီးဒေါ့ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ အသက် ၄၀ အရွယ် ဆီးဒေါ့ကို ပြီးခဲ့တဲ့ရာသီတုန်းက နယူးကာဆယ်အသင်းနဲ့ ကျူပီအာအသင်းတို့က နည်းပြအဖြစ် ကမ်းလှမ်းမှုတွေ လုပ်ခဲ့ပါတယ်။ ဆီးဒေါ့ဟာ ၂၀၁၄ ဘောလုံးရာသီမှာ အေစီမီလန်အသင်းကို ၅ လကြာ နည်းပြအဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။ သူဟာ ကစားသမားဘ၀တုန်းက အေဂျက်၊ ရီးရဲလ်မက်ဒရစ်၊ အေစီမီလန် ကလပ်အသင်း ၃ သင်းနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းတင်ထားပါတယ်။ ဆီးဒေါ့ဟာ နောက်ဆုံးကစားခဲ့တဲ့ အေစီမီလန်ကလပ်မှာ ပွဲပေါင်း ၄၀၀ ကျော် ကစားပေးထားပြီး စီးရီးအေ အမှတ်ပေးဖလားကို ၂ ကြိမ်ရအောင် ကူညီထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up