အင်ဒီယားနားတွင် လူမည်းတဦးကို ရဲအရာရှိ အနီးကပ်ပစ်သတ် (ရုပ်သံ)

2.4K
အမေရိကန်ပြည်ထောင်စု လူဝီစီးယားနားပြည်နယ်မှာ လူမည်းတဦး ရဲအရာရှိတဦးရဲ့ ပစ်သတ်ခံခဲ့ရလို့ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေချိန် အင်ဒီယားနားပြည်နယ်မှာ နောက်ထပ် အမေရိကန် လူမည်းတဦး ရဲအရာရှိတဦးရဲ့ အနီးကပ် ပစ်သတ်ခံရပါတယ်။
ဇူလိုင် ၆ ရက်ညက လူမည်းအမျိုးသားနဲ့ သူ့ချစ်သူတို့ စီးလာတဲ့ကား နောက်မီးပျက်နေတာကို ရဲက ရပ်တန့်စစ်ဆေးချိန် ပစ်ခတ်လိုက်တာဖြစ်ပြီး ပစ်ခတ်ခံလိုက်ရတဲ့ လူမည်းအမျိုးသားရဲ့ ချစ်သူက အခင်းဖြစ်ပွားပုံ ဗွီဒီယိုကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ တိုက်ရိုက်ပြသခဲ့တာပါ။
သေဆုံးသွားသူဟာ အသက် ၃၂ နှစ်အရွယ် ဖီလန်ဒို ကက်စ်တီးလ် (Philando Castile) ဆိုသူဖြစ်ပြီး ရဲက သူ့ကိုမပစ်ခတ်ခင် သူ့မှာ လိုင်စင်နဲ့ကိုင်ဆောင်တဲ့ သေနတ်ရှိတယ်လို့ ရဲကို ပြောဆိုခဲ့တာပါ။
အဲ့ဒီနောက် ယာဉ်မောင်းလိုင်စင် ထုတ်ပြဖို့အလုပ်မှာ ရဲအရာရှိက ပစ်ခတ်ခဲ့တယ်လို့ ဖီလန်ဒို ကက်စ်တီးလ်ရဲ့ ချစ်သူက ပြောဆိုပါတယ်။
အနီးကပ်ပစ်ခတ်ခံရသူ ဖီလန်ဒိုကတော့ ဆေးရုံမှာ သေဆုံးသွားပြီး အမှုနဲ့ပတ်သက်လို့ စုံစမ်းမှုတွေ စတင်နေပြီဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လူမည်းတွေကို လူဖြူရဲအရာရှိတွေက အလွန်အကျွံ အင်အားသုံး နှိမ်နင်းမှုတွေနဲ့ပတ်သက်ပြီး အမေရိကန်ပြည်သူတွေအကြား အပြင်းအထန် အငြင်းပွားနေကြချိန်မှာ အခုလို ပစ်သတ်မှုတွေဟာ အမြဲမပြတ် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။