Home
မြန်မာသတင်း
မိုးကောင်းမြို့နယ်အတွင်း ကားတစီး ဖောက်ခွဲခံရ၊ ၂ ဦးဒဏ်ရာရ
နော်နိုရင်း
·
July 7, 2016
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း ဖားကန့်တက်တဲ့ ကားတစီး ဒီကနေ့မနက်က ဖောက်ခံခွဲခံရပြီး ကားပေါ်ပါ လူ ၄ ဦးအနက် ၂ ဦးဒဏ်ရာရရှိပြီး မိုးကောင်းဆေးရုံမှာ ပို့ဆောင်ကုသခဲ့ရပါတယ်။ ဖြစ်စဉ်မှာ မိုးကောင်းကနေ ဖားကန့်ကိုသွားတဲ့ အရပ်သားကားတစီး မိုးကောင်းနဲ့ ၈ မိုင်လောက်ဝေးတဲ့ ပါဟုတ်ဆိုတဲ့ ရွာအနီးမှာ ဖောက်ခွဲခံရတာလို့ မိုးကောင်းမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က ပြောပါတယ်။ “လောလောဆယ်တော့ အဲဒီလူနာနှစ်ယောက်ကတော့ မိုးကောင်းဆေးရုံမှာ တင်ထားရတာဗျာ။ ပါဟုတ်ဆိုတဲ့ရွာနားမှာ ခွဲခံရတာ။ ၈ မိုင်လမ်းခွဲပေါ့။ မိုးကောင်းနဲ့ ၈ မိုင် ဝေးတယ်။ ကားက လိုင်ခရူဇာ ကားပေါ်မှာ ၄ ယောက်ပါတယ်ပြောတယ်။ ၂ ယောက်က ဒဏ်ရာရတယ်။ မိုင်းအရှိန်နဲ့ မှန်စတွေက မှန်ဆူးတာတို့ ရှတာတို့နဲ့ ဆေးရုံရောက်တာ။ လူနာကတော့ မစိုးရိမ်ရဘူး။ ကျန်နှစ်ယောက်က ဘာမှမဖြစ်ဘူး။” မနက် ၈ နာရီကျော်လောက်က အခင်းဖြစ်ပွားခဲ့တာဖြစ်ပြီး ဆွဲမိုင်းနဲ့ ဖောက်ခွဲခံခဲ့ရတာလို့ ပြောပါ တယ်။ ဖောက်ခွဲခံရတဲ့ ကားဟာ အရပ်သားကားဖြစ်ပြီး မည်သည့်အဖွဲ့အစည်း ဖောက်ခွဲဆိုတာကိုတော့ မသိရသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024