A d v e r t i s e m e n t With Us

၎ နှစ်အရွယ် ကလေးကို အလစ်သုတ်ခိုးယူသူအား ဖမ်းဆီး (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ အသက် ၄ နှစ်အရွယ် မိန်းကလေးကို အလစ်သုတ် ခိုးယူမှုတခု ဖြစ်ပွားခဲ့ပါတယ်။ ဇူလိုင် ၁ ရက်က မိခင်ဖြစ်သူဟာ နို့ညှာကလေးတယောက်ကိုချီပြီး စတိုးဆိုင်အတွင်း ဈေးဝယ်နေစဉ် ၄ နှစ်အရွယ် ကလေးငယ်ကို လူတဦးက အလစ်သုတ် ချီယူသွားတာ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယား ရဲတပ်ဖွဲ့ အဆိုအရ အခုလို ခိုးယူ ပြန်ပေးဆွဲဖို့ စွပ်စွဲခံရသူက အသက် ၂၄ နှစ်အရွယ် တယ်ရီ ရေဆန်ဖြစ်ပြီး စတိုးဆိုင်တံခါးပေါက်မှာ မိန်းကလေးကို ဆွဲခေါ်သွားတာ ဖြစ်ပါတယ်။ ကလေးကို အဝေးကိုခေါ်သွားဖို့ ကြိုးစားခဲ့ပေမယ့် ကလေးက ဖမ်းဆီးသူရဲ့ လက်တွင်းကနေ လွတ်အောင် ရုန်းနိုင်ခဲ့လို့ လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။ မျက်မြင်သက်သေတွေ အဆိုအရ ကလေးမိခင်က အော်ဟစ် အကူအညီတောင်းခံခဲ့လို့ အနီးနားက လူတွေက တယ်ရီရေဆန် နောက်ကို လိုက်လံဖမ်းဆီးခဲ့ကြပြီး ကလေးပြန်ပေးဆွဲမှုနဲ့ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ ကလေးခန္ဓာကိုယ်ပေါ်မှာတော့ တစုံတရာ ဒဏ်ရာမရခဲ့ပေမယ့် ကြောက်ရွံ့နေခဲ့တယ်လို့  ရဲတပ်ဖွဲ့က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up