ဇူလိုင် ၇ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး
DVB
·
July 7, 2016
ဇူလိုင်လ ၇ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၁၇၂ ကျပ်၊ ၁ ယူရိုငွေကို ၁၂၉၉ ဒသမ ၅ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၈၆၈ ဒသမ ၀၂ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၂၉၁ ဒသမ ၁၈ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၃၃ ဒသမ ၃၀ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
(ကိုးကား - မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး တကျပ်သားကို ၀ယ်ဈေး ၈၃၄၇၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေးကတော့ ၈၃၄၉၀၀ ကျပ် ဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၃၆၇ ဒေါ်လာ ဈေးပေါက်ပါတယ်။