အခွန်ရှောင်မှုဖြင့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ ထောင်ဒဏ် ၂၁ လ ချမှတ်ခံရ
ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ အခွန်ရှောင်မှုကြောင့် ထောင်ဒဏ် ၂၁ လ ချမှတ်ခံလိုက်ရပါတယ်။
စပိန်နိုင်ငံ တရားရုံးက ဇူလိုင် ၆ ရက်နေ့မှာ မက်ဆီရဲ့အမှုကို ကြားနာပြီး ထောင်ဒဏ်ချမှတ်ခဲ့ကာ ငွေဒဏ် ဒေါ်လာ ၂ သန်းကျော်လည်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် စပိန်ဥပဒေတွေအရ ထောင်ဒဏ် ၂ နှစ်အောက် ကျခံရသူဟာ ဆိုင်းငံ့ပြစ်ဒဏ်အနေနဲ့သာ ကျခံရမှာ ဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ် မက်ဆီရဲ့ ဖခင်ဖြစ်သူလည်း အခွန်ရှောင်မှုမှာ ပူးပေါင်းပါဝင်တဲ့အတွက် အလားတူ ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
အခုချမှတ်လိုက်တဲ့ ပြစ်ဒဏ်အတွက် ၅ ရက်အတွင်း တရားရုံးချုပ်ကို အယူခံတင်နိုင်မှာ ဖြစ်ပါတယ်။
တိုက်စစ်မှူး မက်ဆီဟာ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ ပင်နယ်တီလွဲချော်ခဲ့အပြီး လက်ရွေးစင်အသင်းကနေ အနားယူတော့မယ်လို့ ကြေညာထားပါတယ်။