ကယ်ဆယ်ရေး စစ်သားတဦး ရေစီးကြမ်းထဲ အရှိန်ဖြင့် မျောပါ (ရုပ်သံ)

4.6K
တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟူနန်ခရိုင်၊ ရှူပူးမြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့လို့ လူပေါင်းများစွာဟာ ရေကြီးရေလျှံမှုတွေကြား ပိတ်မိနေခဲ့ကြပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေဟာ ရေဘေးဒုက္ခသည်တွေကို ကယ်တင်နေကြချိန်မှာ စစ်သားတဦးဟာ အရှိန်နဲ့ စီးဆင်းနေတဲ့ ရေစီးကြမ်းထဲမှာ မတော်တဆ မျောပါသွားခဲ့တာပါ။
သူဟာ တံတားတစင်းဆီ မရောက်ခင် အရှိန်နဲ့ ရေထဲမှာ ကီလိုမီတာများစွာ အကွာအဝေးထိ မျောပါသွားခဲ့ချိန်မှာ အနီးနားကလူတွေက သူ့ကို ကြိုးတွေပစ်ပေးပြီး ကယ်တင်ဖို့ ကြိုးစားခဲ့ကြပေမယ့် သူဟာ မောပန်းလွန်းနေတဲ့အတွက် ကြိုးကိုတောင် မဆွဲနိုင်ခဲ့ပါဘူး။
တံတားအောက်ကို ရောက်လာချိန်မှာလည်း ကြိုးတွေ၊ အသက်ကယ်ဘောကွင်းတွေကို ပစ်ချပေးခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
ဒါပေမယ့် သူဟာ နောက်ထပ် ၁၀ ကီလိုမီတာအကွာလောက်ထိ ရေစီးနဲ့ မျောပါသွားခဲ့ပြီးနောက် ရေစုန်မှာရှိနေတဲ့ ကယ်ဆယ်ရေးအဖွဲ့တဖွဲ့က ကယ်တင်နိုင်ခဲ့တာ ဖြစ်တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။