A d v e r t i s e m e n t With Us

ဒေါ့မွန်ကွင်းလယ်လူ အမ်ခီတာရန်းကို မန်ယူ ၄ နှစ်စာချုပ်ဖြင့် ခေါ်ယူ

ဓာတ်ပုံ - ရိုက်တာ
မန်ချက်စတာယူနိုက်တက်အသင်းက ဒေါ့မွန်ကွင်းလယ်ကစားသမား အမ်ခီတာရန်းကို လက်မှတ်ထိုး ခေါ်ယူနိုင်လိုက်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်ကစားသမားကို ၄ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပြီး ပြောင်းရွှေ့ကြေးကိုတော့ တရားဝင်ဖော်ပြခြင်း မရှိပါဘူး။ အာမေးနီးယားလက်ရွေးစင် အသင်းခေါင်းဆောင် အမ်ခီတာရန်းဟာ ပြီးခဲ့တဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါ ရာသီမှာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး အသင်းအတွက် ၂၃ ဂိုး သွင်းပေးထားပါတယ်။ မန်ယူနည်းပြ မော်ရင်ဟိုကတော့ သူက တကယ်ကို အစွမ်းအစရှိတဲ့ ကစားသမားတဦးဖြစ်ပြီး ဘယ်လိုဂိုးသွင်းရမလဲဆိုတာကို မြင်တတ်တဲ့လူမျိုးဖြစ်တယ်လို့ ပြောပါတယ်။ အမ်ခီတာရန်းကတော့ မန်ယူကို ပြောင်းခွင့်ရလို့ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာပြီလို့ ဆိုပါတယ်။ သူဟာ ဒေါ့မွန်ကို ၂၀၁၃ ခုနှစ်မှာ ရောက်ရှိလာပြီး ပွဲပေါင်း ၁၄၀ မှာ ၄၁ ဂိုး သွင်းပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up