မြန်မာယူ-၁၆ အသင်း ကမ္ဘောဒီးယား ယူ-၁၆ ကို အနိုင်ရ (သတင်းဓာတ်ပုံ)
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ယှဉ်ပြိုင်သွားတဲ့ ခြေစမ်းပွဲစဉ်မှာ မြန်မာယူ-၁၆ အသင်းက ကမ္ဘောဒီယား ယူ-၁၆ အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲကို အိမ်ရှင် ကမ္ဘောဒီးယား ပရိသတ်တွေ လာရောက်အားပေးတဲ့အတွက် အကြိတ်အနယ်နဲ့ ပွဲကောင်းတပွဲ ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ကမ္ဘောဒီးယားအသင်းဟာ ခြေစမ်းပွဲမှာ ထိုင်းအသင်းကို အနိုင်ရထားတဲ့အသင်းလည်း ဖြစ်ပါတယ်။
ပွဲအစပိုင်းမှာ မြန်မာအသင်း ကစားရတာ ခက်ပေမယ့်လည်း နောက်ပိုင်းမှာ ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပါတယ်။
ပွဲချိန် ၂၄ မိနစ်မှာ ပြည့်စုံနိုင်က မြန်မာအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပါတယ်။
ဒုတိယပိုင်းမှာ မြန်မာနောက်တန်းရဲ့ အမှားကနေ ကမ္ဘောဒီးယား ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။
အဲဒီနောက် မြန်မာအသင်း လူစားလဲတာတွေ လုပ်ခဲ့ပြီး ၈၉ မိနစ်နဲ့ ၉၂ မိနစ်မှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို သွင်းယူနိုင်ခဲ့ပါတယ်။
မြန်မာအသင်းဟာ အာဆီယံ ယူ-၁၆ ပွဲစဉ်အဖြစ် သြစတြေးလျအသင်းနဲ့ ဇူလိုင် ၁၀ ရက်နေ့မှာ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်