A d v e r t i s e m e n t With Us

ထိုင်းရှင်ပြုပွဲ ဆယ်ကျော်သက်များခိုက်ရန်ပွဲဖြစ်၊ သေနတ်ပစ်ခတ်မှုကြောင့် တဦးသေဆုံး (ရုပ်သံ)

ထိုင်းနိုင်ငံမှာ ရိုးရာရဟန်းခံရှင်ပြုပွဲတခု ကျင်းပချိန် လူငယ်အုပ်စုတွေကြား ရန်ပွဲဖြစ်ကာ သေနတ်ထိမှန်ပြီး တဦးသေဆုံးခဲ့တယ်လို့ ထိုင်းရတ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ရန်ပွဲဖြစ်နေစဉ်အတွင်း သေနတ်သံတွေလည်း ကြားခဲ့ရပြီးနောက် အသက် ၁၄ နှစ်အရွယ် လူငယ်တဦး အဆုတ်ကို သေနတ်ကျည်ဆန်ဖောက်ဝင်ပြီး သေဆုံးသွားခဲ့တာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဇူလိုင် ၅ ရက်နေ့က “ယူလိုက်ခ်” အမည်ရ အင်တာနက် စာမျက်နှာပေါ် မျှဝေခဲ့ချိန်မှာ ဝေဖန်မှုတွေ များစွာ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါဟာ နခွန်ရက်ချာဆီမာခရိုင်၊ ခိုရတ်မြို့၊ ဘွာရိုင်၊ ဆာကရော့ခ်ဒေသတွင်း ရှင်ပြုပွဲ အခမ်းအနားအပြီးမှာ ဖြစ်ခဲ့တာလို့ ရုပ်သံဗွီဒီယိုဖိုင်အညွှန်းမှာ ဖော်ပြခဲ့တာပါ။ ဒီရန်ပွဲအတွင်း တခြားဆယ်ကျော်သက်လူငယ် ၂ ဦးလည်း ဦးခေါင်းနဲ့ လက်မောင်းမှာ ထိခိုက်ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရရှိခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up