ယင်းမာပင်မြို့နယ်တွင် ပိုင်ရှင်မဲ့သစ်များ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်မှာ ပိုင်ရှင်မဲ့ တရားမဝင်သစ်တွေကို ဇူလိုင်လ ၅ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ သစ်တွေဟာ ပန်းတောက်သားတွေဖြစ်ပြီး တရက်တည်းမှာ တန်ချိန်ပေါင်း ၁၂ ဒသမ ၈၂၄၄ တန် ဖမ်းဆီးရမိခဲ့တယ်လို့ ယင်းမာပင် သစ်တောဦးစီးဌာနက  ပြောပါတယ်။ အဆိုပါသစ်တွေကို ယင်းမာပင်မြို့နယ် ဆည်ကြီးကျေးရွာအုပ်စု ရွှေပေကုန်းကျေးရွာ အနောက်ဖက် (၁) ဖာလုံအကွာ ကျောက်မှော်ဘိနယ် အောင်ချမ်းသာရွာရဲ့ အနောက်မြောက် ဖက် ၁ မိုင်နဲ့ ၄ ဖာလုံအကွာ တောအုပ်အတွင်းမှာ တွေ့ရှိခဲ့တာဖြစ်ပြီး သိုဝှက်ထားတဲ့ တရားမဝင်သစ်တွေရှိတဲ့နေရာကို ယင်းမာပင်၊ မုံရွာ၊ ကနီမြို့နယ်သစ်တောဦးစီးဌာန တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးတွေက သတင်းအရ သွားရောက်ဖမ်းဆီး ရမိခဲ့တာလို့ ဆိုပါတယ်။ တရားမဝင်သစ်များကို ၆ ဘီးကားပေါ်မှာ တွေ့ရှိ ဖမ်းဆီးမိခဲ့ပေမယ့် တင်ဆောင်လာသူကိုတော့ မတွေ့ရှိရသေးဘူးလို့ သိရပါတယ်။ အဆိုပါ ဖမ်းဆီးရမှုနဲ့ ပတ်သက်ပြီး ယင်းမာပင်ရဲစခန်းမှ တရားမဝင် သစ်သယ်ဆောင်သူများကို ဆက်လက်စုံစမ်းဖော်နေတယ်လို့ သိရပါတယ်။ သတင်း - ရန်နိုင်စိုး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up