လက်ပံတန်း လေပြင်း အိမ်ခြေ ၃၇ လုံး ပျက်စီးဆုံးရှုံး

1.3K
လက်ပံတန်းမြို့နယ်မှာ ဒီနေ့ မနက်ပိုင်းက လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် အိမ်ခြေ ၃၇ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ဇူလိုင် ၆ ရက်နေ့ မနက်ပိုင်းက လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် ကျေးရွာအုပ်စုပေါင်း ၃ စုနဲ့ ရပ်ကွက်တခုတို့မှ အိမ်ခြေ ၃၇ လုံး အမိုးလန် ပြိုလဲခဲ့ပြီး ဘုန်းကြီးကျောင်း ၂ ကျောင်းနဲ့ သုသာန်ဇရပ်တခု ပျက်စီးခဲ့ပါတယ်။ တန်ဖိုးငွေကျပ် ၁၀,၇၇၀,၅၀၀ ကျော်ဖိုး ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ပါတယ်။
လေပြင်းတိုက်ခတ်ခဲ့တဲ့ နေရာတွေကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ သွားရောက်ကြည့်ရှုခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက လဲကျနေတဲ့ သစ်ပင်တွေကို သွားရောက်ရှင်းလင်း ခဲ့တယ်လို့ သိရပါတယ်။
သတင်း - ဝဏ္ဏထွန်း