Home
မြန်မာသတင်း
ဘုန်းကြီးကျောင်းထဲ ကျောက်မိုင်းခွဲနေသည့်ကိစ္စ စိစစ်နေ
ရွှေအောင်
·
July 6, 2016
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကတိုက်ကျေးရွာမှာ ဘုန်းကြီးကျောင်းဝင်းထဲ ကျောက်မိုင်း ထုတ်လုပ်ခွင့်ပြုထားတဲ့ကိစ္စနဲ့ပတ်သက်လို့ စိစစ်မှုတွေ လုပ်နေပါတယ်။ မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းက ဒေသခံရွာသားတွေ မလိုလားတဲ့အတွက် ကျောက်မိုင်းထုတ်လုပ်တဲ့ကိစ္စ စုံစမ်းပြီး သက်ဆိုင်ရာကို တင်ပြမယ်လို့ ပြောပါတယ်။ “ဘုန်းကြီးကျောင်းထဲမှာ ကျောက်မိုင်းခွဲဖို့ ကုမ္ပဏီကို ခွင့်ပြုထားတာပေါ့၊ ကျေးရွာကလူတွေက ကန့်ကွက်လို့ ဆိုပြီး ကျေးရွာကလူတွေကိုလည်း ပိုင်နက်ကျုးကျော်မှုနဲ့ တရားစွဲထားတယ်၊ အဲ့ဒီကိစ္စ ကျမတို့ကို တိုင်ထားတော့ သွားကြည့်ရတာပေါ့။ အဲ့ဒီဟာ ဘယ်လိုဖြစ်လဲဆိုတာတော့ စုံစမ်းနေတုန်းပဲ။” အရင် အစိုးရလက်ထက်က ကျောက်မိုင်းတူးဖော်ခွင့် ချထားပေးခဲ့တာဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ စုံစမ်းပြီးရင် ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုဝန်ကြီးတို့ထံ တင်ပြသွားမယ်လို့လည်း ပြောပါတယ်။ ပေါင်မြို့နယ်၊ ကတိုက်ကျေးရွာမှာ ကျောက်မိုင်း ၄ ခုခန့်ရှိပြီး မိုင်းတခုဟာလည်း ကတိုက်ဆည်နဲ့ နီးလို့ ဆည်ပြိုကျမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ကတိုက်မှာရှိတဲ့ ကျောက်မိုင်းတွေကနေ လမ်းခင်းကျောက်တွေ ထုတ်လုပ်နေကြတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024