A d v e r t i s e m e n t With Us

ရခိုင်တွင် မြို့နယ် ၅ ခုက ကျေးရွာ ၅၀ ခန့် ရေနစ်မြုပ်၊ လူဦးရေ ထောင်ချီပြောင်းရွှေ့နေရ

မိုသည်းထန်စွာရွာပြီး ရေကြီးမှုတွေကြောင့် ဇွန်လ ၄ ရက်နေ့ညကစပြီး ရခိုင်ပြည်နယ်က မြို့နယ် ၅ ခုမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ အမ်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွင်းက ကျေးရွာပေါင်း ၅၀ လောက် ရေကြီးရေလျှံမှုတွေဖြစ်ပွားနေတာလို့ ဒေါ်ဖြူလဲ့လဲ့ထွန်းက ဒီဗွီဘီကို ပြောပါတယ်။ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ထောင်ချီနေရာပြောင်းရွှေ့နေရပြီး ရခိုင်ပြည်နယ်အစိုးရရော လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကပါ ကူညီကယ်ဆယ်မှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ “ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွေကတော့ သူ့ရဲ့ဒေသတွေမှာ ပြောင်းရွှေ့မှုတွေ လုပ်ပြီးသွားပြီ။ ရေလွတ်ရာကို ပြောင်းပြီးနေကြတယ်။ အဲဒီဒေသမှာပဲ ပြောင်းရွှေ့မှုတွေ ထောက်ပံ့မှုတွေလုပ်တယ်။ ဒီနေ့ စစ်တွေကနေပြီးတော့ အစိုးအဖွဲ့တွေရော၊ အမတို့ လူမှုကယ်ဆယ်ဝန်ကြီးဌာနပေါ့ ခေါက်ဆွဲခြောက်တို့၊ ရေသန့်တို့၊ ဆန်တို့၊ ကြက်ဥတို့ အဲဒါတွေနဲ့သွားနေတယ်။ ” ရေကြီးမှုကြောင့် အမ်းမြို့နယ်တွင်းက နေအိမ် ၇ လုံး မျောပါသွားပေမယ့် ထိခိုက်သေဆုံးတာ မရှိသေးကြောင်း ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။  

A d v e r t i s e m e n t With Us

More News
Up