Home
မေးမြန်းခန်း
၂၁ ရာစုပင်လုံညီလာခံမှာ ကျယ်ပြန့်စွာ ပါဝင်နိုင်ဖို့ မူဝါဒဖြေလျော့မှုရှိပါတယ် - ဦးဇော်ဌေး
အေးနိုင်
·
July 6, 2016
၂၁ ရာစုပင်လုံညီလာခံမှာ ပါဝင်သင့်ပါဝင်ထိုက်သူတွေ ကျယ်ပြန့်စွာ ပါဝင်နိုင်အောင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှ့န်မူဝါဒ ဖြေလျော့ ဆုံးဖြတ်ပေး ခဲ့ပါတယ်။ ဇူလိုင်လ ၅ ရက်နေ့က နေပြည်တော်မှာ ၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော် မတီဝင်တွေနဲ့ တွေ့ဆုံရာမှာ ဆုံးဖြတ်ပေးခဲ့တာပါ။ ညှိနှိုင်းမှု အဆင်ပြေချောမွေ့ရင် နိုင်ငံရေး ပါတီတွေနဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေ ဒီထက်ပိုမိုပြီး ကျယ်ပြန့်စွာ တက်ရောက်ဆွေး နွေးနိုင်မှာဖြစ်ပါတယ်။ (ယခုလက်ရှိမှာတော့ နိုင်ငံရေးပါတီတွေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်အနည်းဆုံး တဦးရွေး ချယ်ခံရမှ ညီလာခံတက်ရောက်ခွင့်ရှိသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း တပြည်လုံးအပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးဖို့ လိုပါတယ်။) လာမယ့်သီတင်းပတ်အတွင်းမှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တနိုင်ငံလုံးအပစ်ရပ်စာချုပ်လက်မှတ်မထိုးသေးတဲ့ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အန်ဘန်လတို့ နေပြည်တော်မှာ တွေ့ဆုံဖို့ရှိပါတယ်။ ၂၁ ရာစုပင်လုံညီလာခံနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ချမှတ်ပေးခဲ့တဲ့ အဓိကကျတဲ့ မူဝါဒကြီး ၅ ရပ်ကို နိုင်ငံတော်သမ္မတရုံးပြောခွင့်ရသူ၊ ၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီဝင် ဦးဇော်ဌေးကို မေးမြန်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကော်မတီနဲ့ မနေ့က ဆွေးနွေးပွဲမှာ အရေးကြီးတဲ့မူဝါဒတွေ ချမှတ်လမ်းညွှန်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအရေးကြီးတဲ့ မူဝါဒတွေကို သိပါရစေ။ “အရေးကြီးတဲ့မူဝါဒပေါ့၊ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီရှိတယ်၊ ကော်မတီမှာ ၂ ဖွဲ့ခွဲထားတယ်။ လက်မှတ်ထိုးပြီးသားတွေနဲ့ framework review (မူဘောင်ပြန်သုံးသပ်မှု) နဲ့ ကျန်တဲ့ဟာတွေ၊ ညီလာခံကိစ္စတွေ ဆွေးနွေးတာရှိတယ်။ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ ပါဝင်လာနိုင်ဖို့ ဆွေးနွေးတဲ့အပိုင်းက တပိုင်း။ ဒီဆပ်ကော်မတီ ၂ ခုရဲ့ လုပ်ငန်းဆောင်ရွက်မှု အခြေအနေနဲ့ သူတို့ဖြစ်ပေါ်တိုးတက်မှု နောက်ဆုံးအခြေအနေပေါ့ တင်ပြတယ်။ ဒီဆပ်ကော်မတီ ၂ ခုစလုံးရဲ့ တချို့ဟာတွေ၊ မူဝါဒချမှတ်ပေးဖို့လိုတဲ့ ဟာတွေပေါ့နော်။ ဥပမာ တိုင်းရင်းသားလက်နက်ကိုင် ထိုးပြီးသား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့တဲ့အခါမှာ ညီလာခံကျင်းပရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ပေါ့ဆွေးနွေးတဲ့အခါမှာ မူမပြတ်တဲ့ဟာတွေ ရှိတယ်။ နောက်တချက်က ဟိုဖက်က မထိုးရသေးတဲ့ အဖွဲ့တွေက မေးတဲ့အခါမှာ မူပိုင်းဆိုင်ရာ မပြတ်တဲ့ဟာရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့က မနေ့က အစည်းအဝေးမှာ တင်ပြကြတယ်။ တင်ပြတဲ့အပေါ်မှာ မနေ့က အစည်းအဝေးမှာ အစိုးရရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ် ပေါ့နော် ဒီသုံးဖွဲ့ပါပါတယ်။ အကြိုပြင်ဆင်ရေးကော်မတီက။ ပါတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဆွေးနွေးပြီးတော့ သူက မူမပြီးပြတ်သေးတဲ့ဟာတွေကို ဖြတ်ပေးတယ်။ မူဝါဒချမှတ်ပေးသွားတယ်။ ဒါက ဟိုဘက်မှာ လည်း ကျနော်တို့ တပ်ဘက်ကလည်း တပ်မတော်အကြီးအကဲပေါ့နော် သူတို့ဆီကို လမ်းညွှန်မှုခံယူပြီးတော့ ဒီအစည်းအဝေးမှာ တင်ပြကြတဲ့သဘောရှိပါတယ်။ အဲဒီတော့ ပြန်ချုပ်လိုက်ရင်တော့ ခုနလို မူမပြတ်သေးတဲ့ဟာတွေ မနေ့က အစည်းအဝေးမှာ တော်တော်လေးဖြတ်တယ်၊ ဖြတ်တဲ့အခါမှာ ဟိုဘက်နဲ့ ကျနော်တို့နဲ့ နှစ်ဘက်လုံးနဲ့ ဆွေးနွေးတဲ့အခါမှာ ဆပ်ကော်မတီ ၂ ခုအတွက် ပြတ်သားတဲ့၊ တိကျတဲ့မူဝါဒကိုင်ပြီးတော့ ဆွေးနွေးလို့ရပြီပေါ့နော်။ ဒါက အခြေအနေတခု။” “နောက်တခု လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ ပါဝင်ခွင့်၊ ညီလာခံတက်ရောက်တဲ့ဟာပေါ့ ၂၁ ရာစုပင်လုံညီလာခံကို ဘယ်လိုပါဝင်ခွင့်ပေးမလဲ။ ဆိုလိုတာက ကျနော်တို့က ဒီဟာသည် နိုင်ငံရေးဆွေးနွေးပွဲ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးပွဲ။ အဲဒီဆွေးနွေးပွဲတွေကို ကျင်းပတဲ့အခါမှာ ဘယ်လိုကျင်းပရမလဲဆိုတဲ့ဟာက အန်စီအေ (တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်) မှာပါတယ်။ အန်စီအေ road map ရှိတယ်။ အဲဒီ road map မှာဆိုရင် အန်စီအေ လက်မှတ်ထိုးထားပြီးတဲ့သူတွေက ဟိုဘက်ဒီဘက် ဦးဆောင်ပြီးတော့ ကျင်းပရတာဖြစ်တယ်။ အဲဒီအတွက် UPDJC (ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ) ဖွဲ့စည်းရမယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဦးဆောင်ဖို့၊ အဲဒီတော့ Political Dialogue ပေါ့။ နိုင်ငံရေးဆွေးနွေးမှုကို ဆွေးနွေးတဲ့အခါကျရင် အန်စီအေကို ဖြတ်ရမယ်ဆိုတဲ့ သဘောသဘာဝက ရှိတယ်။ အဲဒီတော့ ဟိုဘက်က မထိုးနိုင်သေးဘူးပေါ့နော် လောလောဆယ်၊ မထိုးနိုင်သေးဘူးဆိုတဲ့အခါကျတော့ ၂၁ ပင်လုံမှာ အားလုံးပါဝင်သင့်ပါဝင်ထိုက်တဲ့သူပေါ့နော် အဓိကကျတဲ့၊ ပါဝင့်ပါဝင်ထိုက်တဲ့ Stakeholders တွေ ပါဝင်ဖို့လိုတယ်၊ အဲဒီအတွက် ဒီဘက်က ကျနော်တို့က မထိုးတဲ့အဖွဲ့တွေကို ဘယ်လိုအခန်းကဏ္ဍမျိုးကနေ ဘယ်လိုအခွင့်အရေးမျိုးနဲ့ ပေးမလဲဆိုတာနဲ့ပတ်သက်ပြီး မူချပေးတယ်ပေါ့။ ဒါက လက်နက်ကိုင် မထိုးရသေးတဲ့အဖွဲ့တွေ။ နောက်တခုက ကျနော်တို့ အစဉ်တစိုက်ပြောလာတဲ့ အေအေ (ရခိုင်တပ်မတော်၊ တီအန်အယ်လ်အေ (တအာင်းပလောင်တပ်မတော်) နဲ့ပတ်သက်တာ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အေအေ၊ တီအန်အယ်လ်အေဆိုရင် အရင်တုန်းက ကျနော်တို့က ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ သူတို့ကို အန်စီအေထိုးခွင့်ကိုမပေးခဲ့ဘူး ။အဲဒီမတိုင်ခင်ပေါ့နော်။ ထိုးခွင့်မပေးခဲ့ဘူး။ ထိုးမယ်ဆိုရင် အေအေဆိုရင် ကေအိုင်အေက ပေါက်ဖွားလာတာ၊ အဲဒီတော့ ကေအိုင်အေနဲ့ ပေါင်းမလား။ ဟိုဘက်မှာ ရခိုင်ဖက်မှာဆိုရင် ကျနော်တို့ ဒီဘက်မှာနေရာပေးထားတဲ့ အေအယ်လ်ပီ (ရခိုင်လွတ်မြောက်ရေးပါတီ) ရှိတယ်၊ ပေါင်းမလား။ ဒီအတိုင်းဆိုရင် ဒီအတိုင်းးတော့မရဘူး၊ အဲဒီတုန်းက တိုက်ပွဲတွေလည်း ဖြစ်နေတယ်ပေါ့နော်၊ လက်နက်ကိုင်ကနေ စွန့်ရမယ်။ လက်နက်စွန့်ရမယ်ဆိုတဲ့အခါ တီအန်အယ်လ်အေလည်း အလားတူပဲ အဲသလိုမျိုးလုပ်ခဲ့ရာကနေ အခု ဖြေလျှော့မှုတွေ တပ်မတော်ဘက်ကလည်း တဆင့်ပေါ့နော် ဖြေလျှော့မှုတွေ လုပ်လာတယ်။ လုပ်လာတဲ့ဟာတွေ အဲဒါတွေလည်း ကျနော်တို့ ဆွေးနွေးတဲ့အခါမှာ သူတို့နဲ့ ဆက်ပြီးဆွေးနွေးတဲ့အခါမှာ ဒီမူတွေနဲ့ ကျနော်တို့ ကိုင်ပြီးဆွေးနွေးမှာပေါ့။ ” “နောက်တချက်က နိုင်ငံရေးပါတီတွေ ပါဝင်ခွင့်ပေါ့နော်။ အဲဒီတော့ ယူပီဒီဂျေစီ အစည်းအဝေးကနေပြီးတော့ သဘောတူဆုံးဖြတ်လိုက်တဲ့ဟာက ဘာလဲဆိုတော့ ရွေးကောက်ပွဲမှာ အနည်းဆုံး တနေရာ နိုင်ရမယ်။ ပြည်နယ်ဖြစ်စေ၊ တိုင်းဒေသကြီးဖြစ်စေ၊ ပြည်ထောင်စု ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ပေါ့နော် တနေရာပါမှ ညီလာခံပါဝင်ခွင့်ရှိမယ်ဆိုတဲ့သဘော။ အဲဒီတော့ တနေရာမှ မရတဲ့အဖွဲ့တွေ ဘယ်ကိုသွားမလဲ။ ဟိုဖက်မှာ စီအက်စ်အိုဖိုရမ် (အရပ်ဖက်အဖွဲ့အစည်းများဖိုရမ်) တယ်။ တပြိုင်နက်ကျင်းပမယ်။ အဲဒီမှာ သူတို့ရဲ့ Voice အသံတွေ၊ Opinion အမြင်တွေ၊ မူဝါဒတွေ ရပ်တည်လို့ရပါတယ်ဆိုတဲ့သဘောမျိုးနဲ့ မူချပေးခဲ့တယ်။ ချပေးခဲ့တော့ လက်တွေ့မှာ စီအက်စ်အိုတွေနဲ့ နိုင်ငံရေးပါတီတွေနဲ့ သဘောသဘာဝ မတူညီဘူးပေါ့နော်၊ မတူညီတဲ့အခါမှာ စီအက်စ်အိုတွေက သူတို့နဲ့ စီအက်စ်အိုဖိုရမ်လုပ်ဖို့ ပြင်ဆင်ကြတဲ့အချိန်မှာ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး မပြီးပြတ်ဘူးပေါ့နော်၊ အဲလိုမျိုးတွေ ဖြစ်လာတယ်။ ဖြစ်လာတဲ့အခါမှာ ဒီဘက်က သူတို့ကို Voice ပါလို့ရအောင် ဟိုဖက်မှာ စီအက်စ်အိုဖိုရမ်ကလည်း စီအက်စ်အို အားကောင်းမောင်းသန်လုပ်၊ အဲလိုမျိုးလုပ်နိုင်အောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ မူဝါဒကို ဆွေးနွေးတာဖြစ်ပါတယ်။ အဲဒီအပေါ်မှာလည်း အကြမ်းဖျင်းတော့ ချမှတ်ပေးတယ်။ ဒါတွေက ဘာနဲ့သွားရမလဲဆိုတော့ ဒါက ဒီဘက်အခြမ်း၊ တဖက်ခြမ်း။ ဟိုဘက်မှာက ထိုးပြီးသား အဖွဲ့တွေနဲ့ ဒီနေ့ အစည်းအဝေးဆက်လုပ်တယ်ပေါ့။ အဲဒီလုပ်တဲ့အစည်းအဝေးမှာ ဆွေးနွေးမယ်။ အန်စီအေထိုးပြီးသားအဖွဲ့တွေ သဘောတူတယ်ဆိုရင် ယူပီဒီဂျေစီ ဆက်သွား ပြီးတော့ ညီလာခံမှာ အဲဒီမူတွေ သွားမယ်ပေါ့နော်။ အဲလိုမျိုးသွားမယ့် သဘောရှိတယ်။” “နောက်ပြီးတော့ နံပါတ် ၃ အချက်ပေါ့နော်။ လက်မှတ်မထိုးသေးသူတွေပါဝင်ခွင့်ကို ကျနော်တို့က အခုအချိန်မှာ နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ပြန်သုံးသပ်နေတယ်။ ပြန်ပြင်တာ မဟုတ်သေးဘူး ပေါ့နော်။ သုံးသပ်တဲ့အဆင့်မှာ မထိုးရသေးတဲ့အဖွဲ့တွေပါဝင်ဖို့ ကျနော်တို့ ကြိုးပမ်းနေတယ်။ ဒါကိုလည်း ကျနော်တို့ အပြုသဘောတော့ မျှော်လင့်တယ်ပေါ့နော်။ ဒါက နံပါတ် ၄ အချက်။” “နံပါတ် ၅ အချက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ Peace Process (ငြိမ်းချမ်းရေးဖြစ်စဉ်) ပေါ့နော် မြန်မာနိုင်ငံရဲ့ Peace Process တကြီးတခုလုံးနဲ့ပတ်သက်တဲ့ ထောက်ပံ့ကူညီမှုတွေ၊ ထောက်ပံ့ကူညီမှုတွေနဲ့ ပတ်သက်လို့တော့ မနေ့တုန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် တိတိကျကျ ပေးသွားတာက မူဝါဒက ဘာလဲဆိုတော့ အဲဒါကို အခု မကြာခင် အသစ်ဖွဲ့စည်းမယ့် အန်အာရ်ပီစီ (အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန) ပေါ့နော်။ အဲဒါကို ဘယ်သူဦးဆောင်မှာလဲဆိုတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှာ။ အဲဒါနဲ့ပတ်သက်လို့လည်း အဖွဲ့ဝင်တချို့လည်း ရွေးချယ်ထားပြီးပြီပေါ့နော်။ အတည်ပြုပြီးဖြစ်တယ်။ အဲဒါဖွဲ့စည်းပြီးတာနဲ့ အဲဒီ အန်အာရ်ပီစီကနေ အဲဒီပြည်တွင်းပြည်ပ ပေါ့နော်။ အဲဒီ ငြိမ်းချမ်းရေးနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းစဉ်တွေအားလုံးနဲ့ ကူညီထောက်ပံ့မှုတွေကို သူကနေပြီးတော့ Donor Coordination (အလှူရှင်များနှင့် ညှိနှိုင်းခြင်း) လုပ်သွာမးယ်။ မူဝါဒတွေ စည်းမျဉ်းစည်းကမ်းတွေ ချသွားမယ်။ အဲဒီလိုမျိုး မူ ၅ ချက်၊ အဓိကအချက်ကြီးတွေ ပြန်ပြောရင်တော့ ငါးချက်ပေါ့။” ရွေးကောက်ပွဲမှာ တနေရာမှ မနိုင်တဲ့ နိုင်ငံရေးပါတီတွေ ပါဝင်ဆောင်ရွက်မယ့်အပိုင်းကို ပိုမိုရှင်းလင်းအောင် ပြောပြပေးပါ။ သူတို့တတွေကို ၂၁ ရာစုပင်လုံညီလာခံမှာ တက်ရောက်ဆွေးနွေးနိုင်ဖို့ နည်းလမ်းရှာမယ့်သဘောလား။ “နည်းလမ်းရှာမယ်။ ဒါပေမယ့် ကျနော်တို့က အတိအကျတော့ မဟုတ်သေးဘူး။ confirm (အတည်ပြု) တော့ မပြောသေးဘူး။ နည်းလမ်းရှာပေးမယ်။ ဖြေလျောဖို့နည်းလမ်းပေါ့နော်။ အသေးစိတ်ကတော့ ဒါက အစိုးရဘက်ခြမ်းညှိတာ၊ ကျနော်တို့က ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပေါ့နော်။ ညီလာခံကြီးကို ဘယ်လိုလုပ်ကြမလဲဆိုတဲ့ဟာကို သဘောတူမှ ကျနော်တို့က joint (ပူးတွဲ) သွားရမှာ။ အဲဒါကျမှ ကျနော်တို့က အတည်ဖြစ်မှာ။ အဲဒါတွေတည်ပြီဆိုရင်တော့ ကျနော်တို့က တရားဝင် ညီလာခံနဲ့ပတ်သက်တာတွေ ပြောလို့ရပြီ။ အခုလောလောဆယ်တော့ ဆက်ပြီးတော့ ဆွေးနွေးရဦမးယ်။” အေအေ (ရခိုင်တပ်မတော်) နဲ့ တီအန်အယ်လ်အေ (တအာင်းပလောင်တပ်မတော်) တို့ကို တပ်မတော်ဘက်က ဖြေလျှော့မှုတချို့လုပ်တယ်ဆိုတော့ ဖြေလျော့တာပါလား။ ကိုးကန့်တပ်နဲ့ ပတ်သက်လို့ရော။ “အေအေနဲ့ တီအန်အယ်လ်အေ အဲဒီ ၂ ခုကို ပြောတာပါ။ ဖြေလျှော့တာနဲ့ပတ်သက်လို့ ကျနော်တို့က ဆွေးနွေးရဦးမယ်။ ဒါကတော့ လောလောဆယ် ပြောလို့မရသေးဘူး။ တပ်မတော်ဘက်က ဖြေလျှော့မှုတွေ လုပ်တယ်။ အဲဒီဟာပေါ်မှာ ကျနော်တို့ မီဒီယာ၊ ပြည်သူကို ပြောလို့မရသေးဘူး။ သူတို့နဲ့ ဦးသိန်းဇော်တို့ ဆက်ညှိတယ်။” အန်စီအေစာချုပ်အတိုင်းဆိုရင် လက်မှတ်ထိုးပြီးတဲ့ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရပေါင်းပြီးတော့ ပူးတွဲညီလာခံကျင်းပမယ်ဆိုတော့။ အပစ်အခတ်မရပ်စဲသေးတဲ့ (အန်စီအေ စာချုပ်လက်မှတ်မထိုးသေး) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ။ အီးအေအို တွေပေါ့။ ယူအန်အက်ဖ်စီပေါ့၊ သူတို့တွေက ညီလာခံအစည်းအဝေးတော့ ပါဝင်သင့်သူ ထိုက်သူအနေနဲ့ရ တက်နိုင်တယ်။ ဒါပေမယ့် ဦးဆောင်တဲ့နေရာမှာ ချွတ်ယွင်းနိုင်တာပေါ့ အဲလိုမဟုတ်လား။ “အခန်းကဏ္ဍနဲ့ပတ်သက်လို့တော့ ကျနော်တို့က ပါဝင်ခွင့်ပေါ့နော်။ ပါဝင်ခွင့်နဲ့ပတ်သက်လို့ ကျနော်တို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ချထားတဲ့မူအရ ဒီညီလာခံမှာ ပါဝင်သင့်ပါဝင်ထိုက်တဲ့ အဓိကလူတွေ ပါဝင်ခွင့်ရအောင် လုပ်ဖို့၊ ဒီမူပေါ့နော်။ အဲဒီမူပေါ်မှာ ညီလာခံမှာတော့ မျိုးစုံရှိတာပေါ့နော်။ ဘယ်လိုနေရာက ဘယ်လိုပုံစံမျိုးနဲ့ပါမလဲ ဆိုတာကို အဲဒီမူပေါ့။ ဒါကတော့ ကျနော်တို့ဘက် one side ချတဲ့မူဖြစ်တယ်။ အဲဒီတော့ ဟိုဘက်က မပြတ်သေးဘူးပေါ့နော်။ အဲဒါလေးတချက်။” ဗိုလ်ချုပ်ကြီး အင်ဘန်လ (ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီဥက္ကဌ)နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်တော့တွေ့ကြမလဲ။ “နောက်အပတ်ပေါ့နော်။ တပတ်အတွင်း၊ တပတ်ကျော်ကျော်လောက် ရက်ပိုင်းအတွင်း။ ဒီနေ့အစည်းအဝေးရှိသေးတယ်မဟုတ်လား။ "ဒီနေ့အစည်းအဝေးက ထိုးပြီးသား အီးအေအိုနဲ့ ဆပ်ကော်မတီ ၁ နဲ့ တွေ့တာ။" ကျေးဇူးပါခင်ဗျ။ “နောက်တခု ရှိသေးတယ်။ အဲဒီတခုက ဘာလဲဆိုတော့ တိုက်တွန်းချက်ပေါ့နော်။ တိုက်တွန်းချက်ဆိုတာက ဘာလဲဆိုတော့ ကျနော်တို့ ပင်လုံညီလာခံပေါ့။ ပင်လုံညီလာခံက ၄၇ ခုနှစ် ပင်လုံစာချုပ်လက်မှတ်ထိုးတဲ့ဟာပေါ့နော်။ အဲဒီကောင်က ဖေဖော်ဝါရီလမှာ အခုဆိုရင် နှစ်ပေါင်း ၇၀ ပြည့်တော့မယ်။ အဲဒါကို ဦးဆောင်ပြီးတော့ ဆွေးနွေးခဲ့တဲ့ ပုဂ္ဂိုလ်က အခု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်တယ်ပေါ့နော်။ အဲဒီမှာလုပ်ခဲ့တဲ့ရည်ရွယ်ချက်က အဓိက မြန်မာနိုင်ငံ ကိုလိုနီ လက်အောက် ကနေ တစုတစည်းတည်း လွတ်လပ်ရေးရယူဖို့ လုပ်ခဲ့တဲ့ဟာပေါ့နော်။ အဲဒီနောက်ပိုင်းမှာတော့ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်တွင်းစစ်နဲ့ သွားကြတဲ့အချိန်မှာ ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အမျိုးမျိုးကြိုးပမ်းခဲ့သော်လည်း မရရှိခဲ့ဘူးပေါ့နော်။ အခု ကာလကတော့ ၂၁ ရာစု ပင်လုံ ညီလာခံပေါ့နော်။ အဲဒီတော့ ပထမဆုံးပင်လုံပေါ့နော် ဟိုလွတ်လပ်ရေးရဖို့အတွက်စာချုပ် ပင်လုံရဲ့ ဒီဟာက ဆက်ပြီးတော့လာတဲ့ဟာပေါ့နော်။ ၂၁ ရာစုမှာလုပ်တဲ့ ပင်လုံဖြစ်တယ်။ ပြန်ပြီး ဦးဆောင်မယ့်သူကလည်း ခုနက ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးပေါ့နော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဖြစ်တယ်။ အဲဒီတော့ ကျနော်တို့ရဲ့ လက်ရှိပေါ့နော် တာဝန်ရှိနေတဲ့လူတွေရဲ့ သက်တမ်းကာလပေါ့နော်။ နောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရှိနေတဲ့ကာလ၊ ဦးဆောင်နေတဲ့ ကာလပေါ့နော်၊ ဒီအချိန် ဒီကာလရဲ့ ခုနပြောတဲ့ ပြည်တွင်းငြိမ်းချမ်းရေး။ ဒါက ကျနော်တို့ တကယ့်ကို အချိန်ကောင်းအခါကောင်းနဲ့ ကျနော်တို့ အခွင့်ကောင်းပေါ့နော်။ အဲလိုဖြစ်တယ်။ အဲလိုဖြစ်တယ်လို့ ကျနော်တို့က မြင်တယ်။ ဒီအခြေအနေမှာမှ ကျနော်တို့ ခုနက ပြောတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုတိုင်းရင်းသားခေါင်းဆောင်တွေ၊ တပ်မတော်ခေါင်းဆောင်တွေ ဒီဦးဆောင်မှုနဲ့ ကျနော်တို့က ဒီအခြေအနေ ဒီညီလာခံမှာ ရအောင်မလုပ်နိုင်ဘဲ လွဲချော်သွားခဲ့မယ်ဆိုရင် နောင်အရှည်ပေါ့နော်၊ ကျနော်တို့က အများကြီး ရင်လေးစရာရှိတယ်။ ဒီတချက်လေး ပြောချင်တာပါ။ တခုလေးကျန်သွားလို့ ကိုးကန့်တပ်ဖွဲ့ကို ဘယ်လိုသဘောထားမလဲ။ “အဲဒါတော့ ကိုးကန့်၊ အေအေ၊ တီအန်အယ်လ်အေပေါ့နော် အဲလိုမျိုးတော့ ပြောထားတယ်။ ၀ (၀ပြည်သွေးစည်းညီညွတ်ရေးပါတီ) တို့ မိုင်းလား (မိုင်းလားအထူးဒေသ ၄) တို့ကျတော့ရော ခင်ဗျ။ သူတို့ကတော့ လက်မှတ်မထိုးလည်း ညီလာခံတက်လား။ “အဲဒါပေါ့ မထိုးတဲ့အဖွဲ့တွေဆိုတာ ၀၊ မိုင်းလား၊ ကေအိုင်အေ စသဖြင့် ရှိကြပါတယ်။ အဲဒါတွေနဲ့ပတ်သက်လို့တော့ ကျနော်တို့ ခုနမူပေါ့နော်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အစည်းအဝေးမှာ မူချပေးတယ်။ အဲဒီမူ အီးအေအို နဲ့ ဆွေးနွေးမယ်။ ဆွေးနွေးပြီးတာနဲ့ သူတို့နဲ့ ပြောမယ်ပေါ့နော်။ လောလောဆယ်တော့ ကျနော်တို့ အတိအကျ ပြောမရသေးဘူး။” ကျေးဇူးပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024