A d v e r t i s e m e n t With Us

သံချပ်ကာကားနှင့် ရဟတ်ယာဉ်များသုံးပြီး ရုရှား စစ်ရေးလေ့ကျင့် (ရုပ်သံ)

ရုရှားနိုင်ငံတောင်ပိုင်းက ဗော်ဂိုဂရဒ် (Volgograd) ဒေသမှာ ရုရှားစစ်တပ်က သံချပ်ကာတွေ၊ ရဟတ်ယာဉ်တွေကို သုံးပြီး ဇူလိုင် ၅ ရက်က စစ်ရေးလေ့ကျင့်ပါတယ်။ မကြာခင် ပိုလန်နိုင်ငံ၊ ၀ါဆောမြို့တော်မှာ ကျင်းပမယ့် နေတိုး ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် ဒီစစ်ရေးလေ့ကျင့်မှုတွေကို ကပ်ပြီး လုပ်ဆောင်တာပါ။ နေတိုးအဖွဲ့ထဲက စစ်အင်အားအကြီးဆုံးနိုင်ငံ ၃ နိုင်ငံက ရုရှားနဲ့နယ်စပ် အရှေ့ဥရောပနိုင်ငံတွေမှာ ရုရှားနိုင်ငံရဲ့ ကျူးကျော်ရန်စမှုတွေကို ဟန့်တားဖို့ တပ်တခုစီကို ကွပ်ကဲမယ်လို့ ပြောဆိုထားတာပါ။ အဲ့ဒီတပ်တွေမှာ နေတိုးအဖွဲ့ကြီးရဲ့ လျှပ်တပြက် တိုက်ခိုက်ရေးတပ်ဖွဲ့ဝင် ၄ သောင်း ချထားမှာပါ။ ဒီလိုလုပ်တာဟာ ၂၀၁၄ ဖေဖော်ဝါရီလတုန်းက ယူကရိန်းပိုင် ခရိုင်မီယာကို ရုရှားနိုင်ငံက သိမ်းပိုက်တာမျိုး မလုပ်နိုင်အောင် ဟန့်တားဖို့ နေတိုးက ရည်ရွယ်တယ်လို့ ဆိုပါတယ်။ အခု ရုရှားကြည်းတပ်နဲ့ လေတပ် စစ်ရေးလေ့ကျင့်မှုတွေမှာ ရုရှားတပ်ဖွဲ့ဝင်တွေ အချိန်တိုင်း စစ်ဆင်ရေးအတွက် အဆင်သင့်ဖြစ်မှုကို လေ့ကျင့်တဲ့အနေနဲ့ တပ်ဖွဲ့ဝင်တွေကို လျှပ်တပြက် စုစည်းပြီး တိုက်ပွဲဝင်စေတာတွေ၊ လက်နက်တွေနဲ့ လက်နက်တိုက်တွေကို လျှပ်တပြက် စစ်ဆေးမှုတွေလည်း လုပ်ဆောင်ခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up