A d v e r t i s e m e n t With Us

ဆေးကျောင်းသား ၂ ဦးက ခွေးမလေးကို တိုက်ပေါ်မှပစ်ချသည့်ရုပ်သံ ဝေဖန်မှုမြင့်တက် (ရုပ်သံ)

အိန္ဒိယနိုင်ငံ တောင်ပိုင်းမြို့တမြို့ဖြစ်တဲ့ ချနိုင်းမြို့မှာ ဆေးကျောင်းသား ၂ ဦးဟာ ခွေးတကောင်ကို တိုက်ခေါင်မိုးထပ်ကနေ ပစ်ချခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင် ကိုယ်တိုင်ရိုက်ကူးခဲ့ပြီးနောက် အွန်လိုင်းပေါ်ပျံ့နှံ့နေပြီး ဝေဖန်မှုတွေ မြင့်တက်နေတယ်လို့ ဘီဘီစီသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ကံကောင်းထောက်မစွာပဲ အဆိုပါခွေးမလေးဟာ မသေခဲ့ဘူးလို့ သူ့ကို ကယ် ဆယ်ခဲ့ကြသူတွေက ဆိုပါတယ်။ ဒါပေမယ့် အမြီးတနန့်နန့်နဲ့ သနားစရာခွေးမလေးဟာ ထိခိုက်ဒဏ်ရာတွေနဲ့ လမ်းကောင်းကောင်း မလျှောက်နိုင်သေးဘူးလို့ တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူ ရှရာ ဗန် ခရစ်ရှ်နန်က ဘီဘီစီသတင်းကို ပြောပါတယ်။ ရဲတွေကတော့ ပြစ်မှုကျူးလွန်တဲ့ ကျောင်းသား ၂ ဦးကို ဇူလိုင်လ ၆ ရက်နောက်ပိုင်းမှာ ဖမ်းဆီးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ်နဲ့ WhatsApp လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့်မျှဝေခဲ့ကြတာဖြစ်ပြီး သူတို့ဟာ မာ့ဒ်ဟာ ဆေးပညာကောလိပ်မှ ကျောင်းသားတွေဖြစ်တယ်လို့ ပြောနေကြပါတယ်။ ခုလိုရက်ရက်စက်စက်ပြုမူခဲ့တဲ့အတွက် သူတို့ကို ရှာဖွေပြစ်ဒဏ်ပေးဖို့ လူမှုကွန် ရက်စာမျက်နှာတွေပေါ်မှာ ဝေဖန်ခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံ ဟျူမိန်းလူမှုအဖွဲ့အစည်းကတော့ သူတို့ ၂ ဦးကို အမည်ဖော်ပြသ တင်းပေးနိုင်တဲ့ ဘယ်သူ့ကိုမဆို အိန္ဒိယရူပီးငွေ ၁ သိန်းချီးမြှင့်မယ်လို့ ထုတ်ပြန်ထားတာပါ။ တိရစ္ဆာန်အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကတော့ ချနိုင်းရဲတပ်ဖွဲ့ကို ကော လိပ်ကျောင်းဝင်းထဲသွားရောက်ပြီး သူတို့ကို ရှာဖွေပေးဖို့ တောင်းဆိုနေကြပါတယ်။ ပျံ့နှံ့နေတဲ့သတင်းတွေအရ သူတို့ ၂ ဦးလုံးဟာ ချနိုင်းကနေ ကီလိုမီတာ ၆၀၀ ဝေးတဲ့ သူတို့မွေးရပ်မြို့ဆီ ပြန်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဥပဒေအရ တိရစ္ဆာန်တွေကို ညှင်းပန်းနှိပ်စက်မှုပြုသူတွေကို အ မြင့်ဆုံးဒဏ်ကြေးငွေ ရူပီး ၁၀၀ သာဆောင်စေဖို့ ပြဋ္ဌာန်းထားတာပါ။ တိရစ္ဆာန်အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကတော့ (ဒီပြစ်မှုအတွက်) ပိုပြီး စည်းစနစ်ကျတဲ့ ပြစ်ဒဏ်ကျခံစေဖို့ တောင်းဆိုနေကြတာပါ။ “သူ (ခွေးမလေး)ဟာ အရမ်းကို ကြောက်ရွံ့ပြီးတုန်နေခဲ့တယ်။ ကျနော် သူ့ကို ကောက်ချီိတဲ့အချိန်မှာ သေးတွေတောင် ထွက်ကျခဲ့တယ်။ ဒါပေမယ့် ကျနော့်စိတ်ကို ထိခိုက်စေတာက (အဲဒီအချိန်မှာတောင်) သူ့ရဲ့ အမြီးကလေးကို နှံ့ပြနေတုန်းပဲ” လို့ ခရစ်ရှ်နန်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up