A d v e r t i s e m e n t With Us

မိုးကြီးရေလျှံမှုကြောင့် ပိတ်မိနေသူ ၄၀ ကျော်ကို ကယ်တင်ခဲ့သည့် အာဂမီးသတ်ရဲဘော် (ရုပ်သံ)

တရုတ်နိုင်ငံ၊ ဟဘေးခရိုင်ထဲမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေခဲ့ချိန်မှာ အသက်ကို ပဓာနမထားဘဲ လူပေါင်း ၄၀ ကျော်ကို သက်စွန့်ဆံဖျား ကယ်တင်ခဲ့သူတဦးကို စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ သူကတော့ လျူရှောင်ပဲန်း အမည်ရတဲ့ မီးသတ်သမားတဦး ဖြစ်ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အထပ်မြင့်တိုက်ခန်းတခုပေါ်ကို ကြိုးနဲ့ ခက်ခက်ခဲခဲ တက်ရောက်ခဲ့ပြီး ကလေးငယ်တဦးကို ကယ်တင်ခဲ့တာကို တွေ့ရပါတယ်။ သူဟာ ကလေးငယ်ကို ပွေ့ချီပြီး ရေထဲကို ပြန်ဆင်းလာကာ ကြိုးနဲ့ခိုတွဲပြီး ကူးခတ်ခဲ့ရတာပါ။ “ကြိုးကို မြဲမြဲကိုင်ထား၊ သူ့ကို ကူညီပေးကြပါ၊ ဂရုစိုက်ပါ” စတဲ့ အသံတွေကြားမှာ ကလေးငယ်ဟာ ကြောက်လန့်ပြီး ငိုယိုနေခဲ့တာကို တွေ့ရပါတယ်။ ကြမ်းတမ်းတဲ့ ရေစီးကြားမှာ ကလေးက တဘက်၊ ကြိုးကိုတဘက် တွယ်ထားရပြီး ရေစီးထဲ မျောပါတော့မလိုလို အခြေအနေကနေ နောက်ဆုံးမှာတော့ သူဟာ ကလေးငယ်ကို အောင်မြင်စွာနဲ့ ကယ်တင်နိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက တရုတ်နိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ရပါတယ်။ တရုတ်သတင်းတွေမှာတော့ မိုးကာလမှာ ခုထက်ပိုပြီး ရေကြီးရေလျှံမှုတွေ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up