မွေးရာပါကိုယ်အင်္ဂါချို့တဲ့သူ မနော်ဒါးခူကို ဇွန်လအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်

4.6K
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၆ ခုနှစ် ဇွန်လအတွက် ချီးကျူးဂုဏ်ပြုထိုက်သူ ထူးချွန်လူငယ် "မနော်ဒါးခူ"ကို ရွေးချယ်လိုက်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်ကြေညာပါတယ်။
မွေးရာပါ ကိုယ်အင်္ဂါချို့တဲ့နေတဲ့ မနော်ဒါးဟာ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့ပြီး ဘ၀ကိုအလွယ်တကူ အရှုံးမပေးဘဲ ခိုင်မာတဲ့စိတ်ဓာတ်၊ ထက်သန်တဲ့ လုံ့လ၀ီရိယတို့နဲ့ အများနည်းတူ ကြိုးပမ်းအားထုတ်တာကြောင့် မသန်စွမ်း ကလေးသူငယ်တွေအတွက်သာမက လူငယ်လူရွယ်တွေ အားကျအတုယူဖွယ်ရာ ပြယုဂ်ဖြစ် တဲ့အတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်လိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။