ယူရို ၂၀၁၆ ဘယ်အသင်းတွေ ဗိုလ်လုပွဲတက်မလဲ

1.5K
ဇွန်လ ၁၀ ရက်နေ့က စတင်ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲဟာ အခုဆိုရင် ဆီမီးဖိုင်နယ်အဆင့်ကို ရောက်လာပါပြီ။ ဒီတကြိမ် ယူရို ဆီမီးဖိုင်နယ်ကိုတော့ ပေါ်တူဂီ၊ ဝေးလ်၊ ဂျာမနီနဲ့ အိမ်ရှင် ပြင်သစ် လေးသင်း တက်ရောက်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ် ပထမပွဲစဉ်အဖြစ် ဇူလိုင် ၆ ရက်ညမှာ ပေါ်တူဂီနဲ့ ဝေးလ်၊ ဇူလိုင် ၇ ရက်ညမှာ အိမ်ရှင်ပြင်သစ်နဲ့ ဂျာမနီအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
ယှဉ်ပြိုင်မယ့် ဆီမီးဖိုင်နယ်ပွဲစဉ် နှစ်ပွဲက ဘယ်အသင်းတွေ အနိုင်ရပြီး ယူရို ၂၀၁၆ နောက်ဆုံးဗိုလ်လုပွဲ တက်ရောက်နိုင်မယ်ဆိုတာ ဒီဗွီဘီ Vote မှာ မဲပေး ရွေးချယ်နိုင်ပါတယ်။
[yop_poll id="62"]