လားရှိုးမြို့ တည်းခိုခန်းတွင် လာရောက်တည်းခိုသူ ၂ ဦးထံက လက်ပစ်ဗုံး တွေ့ရှိ
ခွန်ဇော်ဦး
·
July 6, 2016
လားရှိုးမြို့ တည်းခိုခန်းတခုမှာ လာရောက်တည်းခိုသူ ၂ ဦးထံကနေ လက်ပစ်ဗုံးတလုံး ဒီနေ့ မနက်က တွေ့ရှိခဲ့ပါတယ်။
လားရှိုးမြို့ ပွင့်သီရိတည်းခိုခန်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒီနေ့ မနက်ပိုင်းက ၀င်ရောက်ရှာဖွေရာ အခန်းအမှတ် ၁၆ မှာ တည်းခိုနေတဲ့ ကိုရဲနိုင်ထွန်းနဲ့ ဇနီးသည်တို့ရဲ့ ကျောပိုးအိတ်ထဲကနေ လက်ပစ်ဗုံးတလုံး တွေ့ရှိခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ်မှာနေထိုင်တဲ့ အသက် ၄၀ အရွယ် ကိုရဲနိုင်ထွန်းနဲ့ ဇနီးသည် ဒေါ်လှလှဝင်း တို့ တည်းခိုနေထိုင်တဲ့ လားရှိုးမြို့ ပွင့်သီရိတည်းခိုခန်း အခန်းအမှတ် ၁၆ ကို ရဲတပ်ဖွဲ့က သတင်းအရ ၀င်ရောက်ရှာဖွေရှာမှာ ကုတင်အောက် ကျောပိုးအိတ်ထဲမှ 91 အမျိုးအစား သံကိုယ်ထည်လပ်ပစ်ဗုံး ၁ လုံးကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ပါတယ်။