ယူရိုပြိုင်ပွဲတွင် ပြင်သစ် ရေပန်းစားဟု ဂျာမနီအသင်း မန်နေဂျာ ပြော

ဓာတ်ပုံ - Getty Images
ယူရိုပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပြင်သစ်အသင်းဟာ နောက်တဆင့်ကိုတက်ဖို့ ရေပန်းစားတဲ့အသင်းဖြစ်တယ်လို့ ဂျာမနီအသင်း မန်နေဂျာ ဘီယာဟော့ဖ်က ပြောဆိုလိုက်ပါတယ်။ ပြင်သစ်အသင်းက နည်းပြ ဒတ်ချန့်စ်နဲ့အတူ တိုးတက်လာတဲ့ အသင်းဖြစ်လို့ ရေပန်းစားမှု ပိုပါတယ်လို့ ဂျာမန်အသင်း မန်နေဂျာက ပြောပါတယ်။ ဒါ့အပြင် သူတို့အသင်းက ယုံကြည်မှုတွေ ရနေတဲ့အပြင် တက်ကြွလန်းဆန်းနေတဲ့ အသင်းလည်း ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း ဂျာမန်တိုက်စစ်မှူးဖြစ်တဲ့ သောမတ်စ်မူလာနဲ့ ဂိုးသမား နူအာတို့ကတော့ ပြင်သစ်အသင်းကို ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ ဂျာမနီအသင်းဟာ ပြင်သစ်နဲ့ ယူရို ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အဓိက အားထားရတဲ့ တိုက်စစ်မှူး ဂိုမက်နဲ့ ကွင်းလယ်ကစားသမား ခီဒီရာတို့ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် နောက်တန်းလူ ဟမ်းမဲလည်း ပွဲပယ်ခံထားရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up