ဘုလက်လှဆွေထုတ်ဝေသည့် Bullet သတင်းဂျာနယ် ထွက်ပြီ

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဘုလက်လှဆွေထုတ်ဝေတဲ့ Bullet သတင်း ဂျာနယ် ဒီနေ့ ဇူလိုင် ၆ ရက်နေ့မှာ စတင်ထွက်ရှိလာပါတယ်။ “ဘုလက်ကျည်ဆန် ကင်းဝေးဖို့ ငြိမ်းချမ်းရေးကို ရှေးရှုစို့”ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ ဘုလက်လှဆွေထုတ်တဲ့ Bullet ဂျာနယ် အတွဲ (၁) အမှတ် (၁)ကို ဒီနေ့မှာ စတင်ထုတ်ဝေလိုက်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ရုပ်ပုံနဲ့ “ရန်ကုန်ဝန်ချုပ် တို့ထိမိတဲ့အရာ သိသိသာသာမလှုပ်ခတ်”ဆိုတဲ့ ခေါင်းစဉ်ပါ သတင်းနဲ့ “ပုဏ္ဏားကျွန်းကို အေအေ ၀င်ရောက်ပွဲကြမ်း”ဆိုတဲ့ သတင်းတွေ ရေးသားထားတာတွေ့ရပါတယ်။ ဒါ့အပြင် “ပြည်ခိုင်ဖြိုးပါတီအရုပ်ဆိုးနေတာ ကျိကျိတက်ချမ်းသာနေတဲ့ လူကြီးဟောင်းတွေ ကြောင့်ပါတဲ့” ခေါင်းစဉ်နဲ့ သတင်းတွေကိုလည်း ရေးသားထားတာတွေ့ရ ပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up