ဘောလုံးအဖွဲ့ချုပ်ကို မြန်မာဘရူဝါရီက ကန်ဒေါ်လာ ၆ သန်း ထောက်ပံ့မည်

12မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို မြန်မာဘရူဝါရီ လီမိတက်က ၁ နှစ်ကို ၁ ဒသမ ၂ သန်းနဲ့ ၅ နှစ်အတွက်   ၆ သန်း ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။ မြန်မာဘရူဝါရီအနေနဲ့ ၂၀၁၆ ကနေန ၂၀၂၀ ခုနှစ်အထိ ၅ နှစ်ကြာပံ့ပိုးသွားမှာပါ။ ၁ နှစ်ကို အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ သန်းနဲ့ ဒေါ်လာ ၆ သန်းပံ့ပိုးမယ်လို့ ဇူလိုင် ၅ ရက်နေ့က Novotel Hotel (ပုသိမ်ခန်းမ) မှာ မြန်မာဘောလုံးအဖွဲ့ချုပ်နဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ မြန်မာဘောလုံးအဖွဲ့ချုပ်အနေနဲ့ ၁ နှစ်မှာ အမေရိကန်ဒေါ်လာ ၅ သန်းဝန်းကျင် သုံးစွဲနေရတယ်လို့ ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောပါတယ်။ မြန်မာဘရူဝါရီ လီမိတက်ဟာ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကိုလည်း သုံးနှစ်ဆက်တိုက်ပံ့ပိုးကူညီခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up