၎ မြို့နယ်စီမံချက် မှုခင်းကျဆင်းရေး စစ်ဆေးမှုများ ပြုလုပ်
DVB
·
July 6, 2016
လှိုင်သာယာမြို့နယ်တွင်းမှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက လေးမြို့နယ်စီမံချက်နဲ့ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးတွေကို လိုက်လံစစ်ဆေးခဲ့ပါတယ်။
ဇူလိုင် ၅ ရက်နေ့မှာတော့ လှိုင်သာယာမြို့နယ်နဲ့ ကမာရွတ်မြို့နယ်တို့မှာ လိုက်လံစစ်ဆေးခဲ့ပြီး ဇူလိုင် ၆ ရက်နေ့မှာတော့ တောင်ဒဂုံနဲ့ သန်လျင်မြို့နယ်မှာ လိုက်လံစစ်ဆေးသွားမှာ ဖြစ်ပါတယ်။
နယ်လုံဝန်ကြီးက လေးမြို့နယ်စီမံချက်အတွက် တမြို့နယ်ကို သိန်း ၁၀၀ စီ ချပေးသွားမှာဖြစ်ပြီး မြို့နယ်အလိုက် လုံခြုံရေးအလိုက် စီစဉ်ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံက သိရပါတယ်။
သတင်းဓာတ်ပုံ - ခိုင်ပန်းနု