ကြောက်မက်ဖွယ် ရေစီးကြမ်းထဲ မျောပါခဲ့သည့် အမျိုးသမီးကို ကယ်တင် (ရုပ်သံ)

4.8K
တရုတ်နိုင်ငံတောင်ပိုင်း၊ ဂေါင်ရှီကျောင်း စီရင်စုနယ်မြေ၊ ဟူအန်ကျင်းဒေသမှာ ဇူလိုင် ၄ ရက်နေ့က မြစ်ရေမြင့်တက်မှုကြောင့် စိုးရိမ်ရေမှတ်ထက် ကျော်လွန်ပြီး ရေကြီးရေလျှံမှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်ခဲ့ပါတယ်။
အဲဒီနေ့က အမျိုးသမီးတဦးဟာ အရှိန်နဲ့စီးဆင်းနေတဲ့ ကြောက်မက်ဖွယ် ရေစီးကြမ်းထဲမှာ မျောပါနေခဲ့လို့ ကယ်ဆယ်ရေးသမားတွေက ခက်ခက်ခဲခဲ ကယ်တင်ခဲ့ကြရတာပါ။
အဆိုပါအမျိုးသမီးဟာ ရေစီးထဲမှာ မျောပါလာတဲ့ သစ်သားတုံးတတုံးကို ဖက်တွယ်ပြီး ရေပေါ်မှာ ပေါလောမျောနေခဲ့တာပါ။
ဒေသခံတွေဟာ သူ့ကို ကယ်တင်နိုင်ဖို့ အသက်ကယ်ဘောကွင်းတွေကို သူ့ဆီရောက်အောင် ပစ်ပေးခဲ့ကြပေမယ့် မအောင်မြင်နိုင်ခဲ့ပါဘူး။
နောက်ဆုံးမှာတော့ ကယ်ဆယ်ရေးသမားတွေဟာ အန္တရာယ်ရှိတဲ့ ရေစီးထဲကို လှေနဲ့ ခက်ခက်ခဲခဲ ဆင်းခဲ့ပြီး အမျိုးသမီးကို ကုန်းပေါ်ရောက်အောင် ကယ်တင်နိုင်ခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။