A d v e r t i s e m e n t With Us

ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက်ကျေ်လွန်၊ မြစ်ဘေးနေသူသတိပြုရန် ထုတ်ပြန်

ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့နဲ့ ဟုမ္မလင်းမြို့တွေမှာ စိုးရိမ်ရေမှတ် အထက်ကျော်လွန်နေ တဲ့အတွက် ချင်းတွင်းမြစ်တစ်လျှောက် မြစ်ကမ်းအနီးနဲ့ မြေနိပ့်ပိုင်းမှာနေထိုင်သူတွေအနေနဲ့ အထူးသတိပြုကြဖို့ မိုးလေ၀သနဲ့ ဇလဗေတ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ မနေ့မွန်းလွဲ ၂ နာရီခွဲက တိုင်းထွာချက်အရ ချင်းတွင်းမြင်ရေဟာ ခန္တီးမြို့နဲ့ ဟုမ္မလင်းမြို့တွေမှာ စိုးရိမ်ရေမှတ်အထက်ကို အသီးသီးကျော်လွန်နေပြီး ဟုမ္မလင်းမြို့မှာ နောက်တရက်အတွင်း ၁ ပေခွဲလောက်နဲ့ နောက် ၂ ရက်မှာ နှစ်ပေလောက် ဆက်လက်တက်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။  

A d v e r t i s e m e n t With Us

More News
Up